ဒီနေ့ ဧပြီလ ၂၁ ရက်မှာ အခြေခံပညာ ဒုတိယတန်းမှ န၀မတန်းအထိ အောင်စာရင်းများ ထုတ်ပြန်ခဲ့ပါတယ်။ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စမ်းချောင်းမြို့ နယ်မှာတော့  အောင်ချက်ရာနှုန်းအပြည့် အောင်မြင်တယ်လို့လည်း သိရပါတယ်။ ယခု၂၀၁၈-၂၀၁၉ ပညာသင်နှစ်ရဲ့ အောင်စာရင်းမှာ မနှစ်ကစပြီး သင်ရိုးအသစ်နဲ့ သင်ကြားနေတဲ့ မူလတန်းရဲ့ အောင်စာရင်းတွေပါ ပါဝင် ထုတ်ပြန်ခဲ့ပြီး ရာခိုင်နှုန်းအပြည့် အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းစမ်းချောင်းမြို့ နယ်မှာတော့  စာမေးပွဲအောင်တဲ့ ကျောင်းသားစာရင်း အဆင့် A/ B/ C နဲ့ ခွဲခြားထုတ်ပြန်ခဲ့ပြီး အမှတ် ၁၀၀ ကနေ ၈၀ ကြားရတဲ့ ကျောင်းသား ကျောင်းသူ တွေကို အဆင့်(A)၀င်ပြီး၊ အမှတ် ၆၀ ကနေ ၇၀ ကြားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ အဆင့်(B)ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ယခုနှစ်အတွင်းမှာ တတိယတန်း ကနေ ဆဋ္ဌမတန်းအထိ သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲခဲ့ပြီး ကျောင်းသားတွေ အနေနဲ့ စာသင်ကြားရာမှာ အဖွဲ့လိုက် ညှိနှိုင်းတိုင်ပင်တာတွေ ဆောင်ရွက်စေပြီးသင်ကြားခဲ့တယ်လို့ သိရပါတယ်။ အဆင့် (A/B/C) ခွဲခြားသတ်မှတ်ပြီး ထုတ်ပြန်တဲ့အပေါ် ကျောင်းသားမိဘတွေက အခုလိုပဲပြောပါတယ်။စာမေးပွဲအောင်မြင်ပြီးတဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ မေလ ၂၅ ရက်နောက်ပိုင်းကစပြီး ကျောင်းအပ်နှံနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

Related News