YBSယာဉ်လိုင်းတွေကို နည်းပညာထိန်းကျောင်းခြင်း(၂)မျိုးနဲ့ ဆောင်ရွက်လျှက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)က သိရပါတယ်။ နည်းပညာနဲ့ထိန်းကျောင်းတဲ့အခါမှာ သက်ဆိုင်ရာကုမ္ပဏီ ယာဉ်လိုင်းတွေကနေ မိမိယာဉ်တွေကိုကြီးကြပ်ကွပ်ကဲခြင်း၊YRTA ကနေ Yangon Bus Operator ဖွဲ့စည်းပြီး ကြီးကြပ်ကွပ်ကဲမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါ့အပြင်ယာဉ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေကို စိစစ်ကြီးကြပ်ခြင်း၊ Complain Center တွေဖွဲ့စည်းထားပြီး ထိန်းကျောင်းတာတွေ အပါအ၀င် CCTV ၊ GPS တွေနဲ့ ယာဉ်မောင်းတွေကို သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်ပြီး မောင်းနှင်မှုတွေကို လည်း အရှိန်လျှော့မောင်းနှင်နိုင်ဖို့ ထိန်းကျောင်းပေးနေတာတွေ လည်းပါဝင်ပါတယ်။ ဒီလိုထိန်းကျောင်းပေးနေပေမယ့်လည်း ယာဉ်မောင်းတွေက အရှိန်ပြင်းမောင်းနှင်မှု တွေရှိနေတယ်လို့သိရပါတယ်။

YRTA အနေနဲ့ယာဉ်လိုင်းတွေကို လူ့စွမ်းအားအရင်းအမြစ်ကို အသုံးပြုပြီး ဆောင်ရွက်တဲ့ အခါမှာ Intelligent Transportation System လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီနည်းပညာဟာ အချိန်ကုန်သက်သာသလို စရိတ်စခလည်းသက်သာပြီး  သတင်းအချက်အလက်လည်း မြန်ဆန်လာအောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း Facebook၊ အင်စတာဂရမ်၊ တွစ်တာစတဲ့ Social Media တွေအသုံးပြုပြီး သတင်းထုတ်ပြန်ပေးသွားမှာဖြစ်သလို YRTA Website ကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။YRTA အနေနဲ့ ပြည်သူတွေကို ယာဉ်လိုင်းတွေနဲ့ပတ်သက်ပြီး ထိန်းကျောင်းမယ့် နည်းပညာပိုင်းဆိုင်ရာတွေ အပါအ၀င် YRTA Website မှာလည်း ထုတ်ပြန်ကြေငြာသွားမယ်လို့ သိရပါတယ်။

 

Related News