ဗင်နီဇွဲလားနိုင်ငံဟာ လက်ရှိအချိန်မှာ ဓာတ်ဆီပြတ်တောက်မှုတွေနဲ့ရင်ဆိုင်နေရပြီး အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကလည်း တစ်နိုင်ငံလုံးလောင်စာဆီထောက်ပံ့ရေးကဏ္ဍကို အကျိုးသက်ရောက်နေပါတယ်။ ရေနံစိမ်းအများဆုံးထွက်တဲ့နေရာဖြစ်တဲ့ဗင်နီဇွဲလားနိုင်ငံဟာ ဓာတ်ဆီပြတ်တောက်မှုတွေနဲ့ရင်ဆိုင်နေရပြီး ရေနံကဏ္ဍကိုဦးတည် တဲ့အမေရိကန်ရဲ့ပိတ်ဆို့မှုကဗင်နီဇွဲလားအမျိုးသားလောင်စာဆီထောက်ပံ့ရေးကို အကျိုးသက်ရောက်ခဲ့ပါတယ်။

ဧပြီ(၂၈)ရက်မှာ အမေရိကန်ကနေ ဗင်နီဇွဲလားဆီ ဓာတ်ဆီတင်ပို့မှုကင်းလွတ်ခွင့်ပြုထားတဲ့သက်တမ်းကုန်ဆုံးခဲ့ပြီး ဗင်နီဇွဲလားကိုနေ့စဉ်ထောက် ပံ့ပေးနေတဲ့လောင်စာဆီတင်ပို့မှုဖြစ်တဲ့ စည်(၅)သောင်းကျော်ကိုပြတ်တောက်စေခဲ့တာပါ။

မေလအစောပိုင်းကတည်းက ဗင်နီဇွဲ လားနိုင်ငံတစ်ဝန်းက ဓာတ်ဆီဆိုင်တချို့မှာကားတန်းရှည်ကြီးတွေကိုစတွေ့ခဲ့ရပြီး ယာဉ်မောင်းတွေအနေနဲ့ သူတို့ရဲ့တိုင်ကီတွေ ကိုဆီဖြည့်ဖို့ (၄)နာရီလောက်စောင့်ဆိုင်းရပါတယ်။ ဗင်နီဇွဲလားအစိုးက မြို့တော်ကရာကတ်စ်မှာ ဓာတ်ဆီ ထောက်ပံ့ပေးမှုကို အာမခံပေးနိုင်ဖို့ ကြိုးပမ်းနေပေမဲ့ ဒါကကတိတစ်ခုတော့မဟုတ်ဘူးလို့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်သားများအသင်းချုပ်က မကြာသေးခင်မှာပြောခဲ့ပါတယ်။ အခုအခြေအနေတွေက လာမယ့်သီတင်းပတ်အနည်းငယ်အတွင်းမှာ ပိုဆိုးနိုင်တယ်လို့လည်း ပြောပါတယ်။

ကရာကတ်စ်ရဲ့အခြေအနေက တခြားမြို့တွေထက်တော့ပိုကောင်းတယ်လို့ ဒန်နီလို့ခေါ်တဲ့ဒေသခံတစ်ဦးက CCTV ရုပ်သံကိုပြောပါတယ်။ (၂၀၁၇)ခုနှစ်၊ သြဂုတ်လမှာ ဗင်နီဇွဲလားအစိုးပိုင်ရေနံကုမ္ပဏီကို အမေရိကန်ကဒဏ်ခတ်အရေး ယူခဲ့ပြီး နောက်ဆက်တွဲ(၁၂)လအတွင်း ဗင်နီဇွဲလားနိုင်ငံဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ(၆)ဘီလီယံဖိုးလောက်ဆုံးရှုံးခဲ့ပါတယ်။

 

Related News