ဗြိတိန်ဝန်ကြီးချုပ်နဲ့ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ထရီဇာမေဟာ လာမယ့်ဇွန်လ(၇)ရက်မှာရာထူးကနေ နုတ်ထွက်သွားမယ်လို့ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်ကို အင်္ဂလန်နိုင်ငံမြို့တော် လန်ဒန်က အမှတ်(၁၀) ဒေါင်းနင်းလမ်းက အစိုးရရုံးရှေ့မှာ မေကကြေညာခဲ့တာပါ။ ဥရောပသမဂ္ဂ(အီးယူ)ကနေ ဗြိတိန်နုတ်ထွက်ရေး သဘောတူညီချက် ကို ဗြိတိန်လွှတ်တော်မှာ ထောက်ခံမှုရအောင်မ စွမ်းဆောင်နိုင်ခဲ့လို့ အခုလိုရာထူးကနေနုတ်ထွက်ဖို့ ကြေညာလိုက်တာဖြစ်ပါ တယ်။ ဒါပေမဲ့ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်နေစဉ် အတွင်း ဗြိတိန်အကျိုးစီးပွား အတွက် တတ်စွမ်းသမျှလုပ်ဆောင်ခဲ့တယ်လို့ မေကပြောပါတယ်။ ၀န်ကြီးချုပ်မေဟာ အီးယူကနေ နုတ်ထွက်ဖို့ ဗြိတိန်လွှတ်တော်ကိုသုံးကြိမ်တိုင်တိုင် အဆို တင်သွင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဗြိတိန်ဝန်ကြီးချုပ်သစ် ရွေးချယ်မှုကိုတော့ လာမယ့်သီတင်း ပတ်မှာ စတင်သွားမှာပါ။

ဗြိတိန် ၀န်ကြီးချုပ်သစ်ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်မယ့်ကိုယ်စား လှယ်လောင်းတွေထဲမှာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဘောရစ် ဂျွန်ဆန်လည်း ပါဝင်ပါတယ်။ မေရဲ့နုတ်ထွက်မယ့် ကြေညာ ချက်နဲ့ပတ်သက်လို့ ဆိုးဆိုးရွားရွားခံစားခဲ့ရပြီး သူဟာ ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သလို အလုပ်လဲ ကြိုးစားသူဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

 

Related News