မိုးတွင်းကာလ ဒဂုံဧရာအဝေးပြေးကားဝင်းမှာ ခရီးသွားလာမှုနည်းပါးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)အဝေးပြေးမှ သိရပါတယ်။မိုးတွင်းကာလဟာ ခရီးသွားရာသီမဟုတ်တာကြောင့် ခရီးသွားလာမှုတွေဟာ ပွင့်လင်းရာသီထက်နည်းပါးနေတယ်လို့ သိရပါတယ်။ ခရီးသွားတွေကတော့ နေပြည်တော်၊ ပုသိမ်၊ ဟင်္သာတ၊ ကျိုက်လတ်၊ မော်ကျွန်း၊ ဘိုကလေးစတဲ့ ဒေသတွေကိုတော့ သွားလာနေကြတယ်လို့ သိရပါတယ်။ အခုလိုသွားလာတာတွေကတော့ ကုန်ရောင်း၊ကုန်ဝယ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ကုန်သည်တွေနဲ့ ၀န်ထမ်းတွေလောက်သာ သွားလာကြတာဖြစ်ပါတယ်။  မိုးတွင်းကာလဖြစ်တာကြောင့် အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ခရီးသွားလာတဲ့အခါမှာ ကားကြံ့ခိုင်မှုအပိုင်းတွေကို သေချာစစ်ဆေးပြီးမှ မောင်းနှင်ဖို့အတွက် (YRTA)အဝေးပြေးမှ ထုတ်ပြန်ပေးထားတယ်လို့ သိရပါတယ်။

ဒဂုံဧရာအဝေးပြေးကားဝင်းဟာ အရင်က ရန်ကုန်တိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီးကို အခြေပြုပြေးဆွဲပေးတဲ့ ကားဝင်းဖြစ်ပြီး လက်ရှိမှာ ဒဂုံဧရာအဝေးပြေးကားဝင်းကနေ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင် စတဲ့ ခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်ပါတယ်။ ခရီးသွားလာမှုတွေအနေနဲ့ မိုးတွင်းကာလမှာ အလည်အပတ်ခရီးသွားလာမှုနည်းပါးပေမယ့် ပွင့်လင်းရာသီရောက်ရင်တော့ ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်တွေရှိတာကြောင့် နေရပ်ပြန်သူတွေနဲ့ ဘုရားဖူးသူတွေ သွားလာမှုများပြားတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဝေးပြေးယာဉ်လိုင်းပြေးဆွဲမှုအနေနဲ့ ယာဉ်တစ်စီးမှာ ထိုင်ခုံပြည့် မတင်နိုင်ဘဲ ခရီးသည်ရှိသလောက်သာ ပြေးဆွဲပေးနေရတယ်လို့သိရပါတယ်။ဒဂုံဧရာအဝေးပြေးကားဝင်းမှာ ရန်ကုန်တိုင်းဒေသကြီးကိုအခြေပြုပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်း(၄၄)လိုင်းနဲ့ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုအခြေပြုပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်း(၇၈)လိုင်း စုစုပေါင်း (၁၂၂)လိုင်းမှာ ယာဉ်စီးရေ (၁၁၂၂)စီးနဲ့ပြေးဆွဲပေးနေတယ်လို့သိရပါတယ်။

 

 

Related News