NCA မထိုးရသေးတဲ့ မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စတွေဆွေးနွေးနိုင်ဖို့သက်တမ်းထပ်တိုးပေးထားတဲ့တပ်မတော်ရဲ့လက်ရှိအပစ်ရပ်ကာလ(နှစ်လ)အတွင်းတွေ့ဆုံနိုင်ဖို့စီစဉ်နေတယ်လို့အစိုးရကိုယ်စားလှယ်ကပြောပါတယ်။NCA စာချုပ်မတိုင်ခင်ပထမအဆင့်အနေနဲ့နှစ်ဖက်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်(ဘိုင်လက်ထရယ် Agreement)ကိုလက်မှတ်ထိုးနိုင်ဖို့ဖြစ်ပါတယ်။

ဒီ(ဘိုင်လက်ထရယ် Agreement)မူကြမ်းကို ပြီးခဲ့တဲ့ဇွန်လ(၃၀)ရက်မိုင်လားငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်အခမ်းအနားအတွင်းအစိုးရက မြောက်ပိုင်းလေးဖွဲ့ထံပေးခဲ့တာဖြစ်ပါတယ်။ဒီမူကြမ်းကိုမြောက်ပိုင်းလေးဖွဲ့ဘက်ကတစ်ဖွဲ့ချင်းစီပြန်လည်သုံးသပ်တာတွေလုပ်ဆောင်နေတာဖြစ်ပြီးအခုလလယ်မှာပြန်အကြောင်းပြန်ဖို့ရှိတယ်လို့သိရပါတယ်။အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်(၇)ဖွဲ့ထဲက လေးဖွဲ့ဖြစ်တဲ့ KIO ၊ကိုးကန့် MN DAA ၊ TNLA နဲ့ AA တို့ဟာနှစ်ဖက်အပစ်ရပ်သဘောတူညီချက်(ဘိုင်လက်ထရယ် Agreement)ထိုးနိုင်အောင် ဆွေးနွေးနေတာဖြစ်ပါတယ်။

နှစ်ဖက်ဟာ ပြီးခဲ့တဲ့ဧပြီလ (၃၀) ရက်ကပထမအကြိမ်အဖြစ်ရှမ်းပြည်နယ်မူဆယ်မြို့မှာတွေ့ဆုံခဲ့ပြီး ဖြစ်ကာဒုတိယအကြိမ်အဖြစ်မိုင်လားမှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။အစိုးရရဲ့မူကြမ်းထဲမှာတော့ဘိုင်လက်ထရယ် Agreement ထိုးပြီးသုံးလအတွင်း NCA လက်မှတ်ထိုးဖို့ဆိုတဲ့အချက်ထည့်သွင်းထားပြီးဒါဟာအစိုးရဘက်ကအဆိုပြုချက်လို့သိရပါတယ်။NCA လမ်းကြောင်းကိုသွားမယ်ဆိုတဲ့ကတိက၀တ်ကို ပေးနိုင်မှသာနှစ်ဖက်အပစ်ရပ်သဘောတူညီချက်ဖြစ်မှာ ဖြစ်တယ်လို့အစိုးရကိုယ်စားလှယ်ကပြောပါတယ်။အစိုးရနဲ့ မြောက်ပိုင်းလေးဖွဲ့တွေ့ဆုံနိုင်ဖို့ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကလည်းကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။လက်နက်ကိုင်အဖွဲ့တွေဘက်ကမူဆယ်နဲ့ပန်ဆန်းလိုနေရာမျိုးမှာတွေ့ဆုံချင်ပြီးနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့နေရာကညှိနှိုင်းရဖို့ရှိနေတာ ဖြစ်ပါတယ်။မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့ထဲမှာကျန်သုံးဖွဲ့ကတော့ NCA စာချုပ်မှာလက်မှတ်မထိုးရသေးပေမယ့်အစိုးရနဲ့နှစ်ဖက်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်(ဘိုင်လက်ထရယ် Agreement ) တွေကို ပြည်နယ်အဆင့်ရော၊ပြည်ထောင်စုအဆင့်မှာပါလက်မှတ်ထိုးထားပြီးဖြစ်ပါတယ်။(၂၀၁၁) ခုနှစ်မှာ “၀” UWSA နဲ့မိုင်းလားအဖွဲ့ NDAA ၊(၂၀၁၂)မှာ SSPP တို့ကအစိုးရနဲ့ဘိုင်လက်ထရယ် Agreement တွေကိုလက်မှတ်ထိုးထားခဲ့တာဖြစ်ပါတယ်။

 

Related News