တတိယအကြိမ်မြောက် AYA Home Loan ဖြင့်ရောင်းချမည့် အိမ်ရာအရောင်းပြပွဲကို ဇူလိုင်လ(၁၃)ရက်မှ (၁၄)ရက်အထိ ရန်ကုန်မြို့ အလုံမြို့နယ်ရှိ AYA River Point Tower မှာပြုလုပ်နေတာဖြစ်ပါတယ်။ AYA Home Loan ဖြင့် ရောင်းချမည့် အိမ်ယာအရောင်းပြပွဲကို Shwe Property.com က ဦးစီးကျင်းပတာဖြစ်ပါတယ်။ ဒီပြပွဲမှာ မြို့နယ်အစုံက မီနီကွန်ဒိုနဲ့ တိုက်ခန်း တွေကို ရောင်းချပေးသွားမှာဖြစ်ပြီး ကျပ်သိန်း (၂၀၀)ကစတဲ့ အိမ်ခန်းတွေကိုဝယ်ယူနိုင်မှာဖြစ်ပြီး  ညှိနှိုင်းငွေချေစနစ်နဲ့ ၀ယ်ယူနိုင် တယ်လို့ သိရပါတယ်။ ၀ယ်ယူရာမှာ  မိသားစုဝင် စုစုပေါင်းဝင်ငွေများနဲ့  ၀ယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူလိုရင် တစ်နှစ်ကို အတိုးနှုန်း (၁၃)ရာခိုင်နှုန်းနဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီး အိမ်ခန်းတန်ဖိုးရဲ့ (၃၀)ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမှာဖြစ်ကာ  အနည်းဆုံး(၃)နှစ်ကနေ အများဆုံး(၁၅)နှစ်အထိ ပေးသွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။အိမ်ရာ ၀ယ်ယူလိုသူတွေအနေနဲ့ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူလိုရင် ပြပွဲမှာပဲ ဘဏ်ချေးငွေကို One Stop Service နဲ့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဘဏ်နဲ့ချိတ်ဆက်ပြီး ၀ယ်ယူလိုသူတွေအတွက် ၀န်ထမ်းဆိုရင် ၀န်ထမ်းဖြစ်ကြောင်းထောက်ခံစာ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေကတော့ ကိုယ်ပိုင်လုပ်ငန်းလိုင်စင် တို့နဲ့အတူ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ သန်းခေါင်းစာရင်မိတ္တူတို့နဲ့ လာရောက်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြပွဲကို ဇူလိုင်လ(၁၃)ရက်မှ (၁၄)ရက်အထိ မနက် (၁၀)နာရီမှ ညနေ (၅)နာရီအထိရောင်းချပေးသွားနေတယ်လို့ သိရပါတယ်။ 

 

Related News