ArtAnt  က ဦးစီးကျင်းပပြုလုပ်တဲ့ We Are Open “ပန်းချီပြပွဲကို ဇူလိုင်လ(၁၄)ရက်မှ စက်တင်ဘာလအထိ(၂)လကြာ Sedona Hotel မှာကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ArtAnt အနေနဲ့ ပန်းချီပြပွဲတွေပြုလုပ်တဟာ အခုအကြိမ်နဲ့ဆိုရင် (၅)ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။ အခုပြသထားတဲ့ ပန်းချီပြပွဲမှာ ပန်းချီဆရာအယောက်(၂၀)ကျော် ရေးဆွဲထားတဲ့ ပန်းချီကားတွေကို  ပန်းချီဝါသနာရှင်တွေအနေနဲ့ တစ်နေရာတည်းမှာတစုတစည်းပြသစေလို့တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ ပြသထားတဲ့ ပန်းချီကားတွေက သဘာဝ ရှုမျှော်ခင်းပုံ၊  ရန်ကုန်မြို့ရဲ့ ရှုခင်းပုံ၊  ဘုရားစေတီတော်ပုံ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပုံ စတဲ့  ပန်းချီကား(၁၀၀)ကျော်ပြသထားတာ ဖြစ်ပါတယ်။ဒီပန်းချီကားများကို ဆီဆေး၊ အခရိုင်းလစ်နဲ့ မစ်မီဒီယမ် ဆေးများနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။ ပန်းချီကားဈေးနူန်းတွေကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ(၁၀၀)ကနေ အများဆုံး အမေရိကန်ဒေါ်လာ(၂၅၀၀) အထိရောင်းချနေတာ ဖြစ်ပါတယ်။ 

 

 

Related News