အီလက်ထရောနစ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီက ကြီးမှူးပြီး (၇၂)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် သမိုင်းဝင်ဓာတ်ပုံ၊ရုပ်သံပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင်လ(၁၇)ရက်မှ (၁၉)ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ အီလက်ထရောနစ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှာ ပြုလုပ်နေပါတယ်။ဇူလိုင်လ(၁၉)ရက်မှာကျရောက်မယ့် (၇၂)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာဖြစ်သလို ကျောင်းသား/ ကျောင်းသူ၊ လူငယ်တွေနဲ့ လုပ်သားပြည်သူတွေအနေနဲ့ အာဇာနည်နေ့သမိုင်းကြောင်းကိုသိရှိစေဖို့၊ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို မမေ့လျော့ဘဲ အစဉ်အမြဲသတိရနေစေဖို့၊ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို လေးစားအတုယူပြီး တိုင်းပြည်အတွက် လိုအပ်တဲ့ခေါင်းဆောင်မှုအရည်အချင်းစိတ်ဓာတ်တွေပိုမိုရရှိလာပြီး အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ပေါက် လာစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။

(၇၂)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် သမိုင်းဝင်ဓာတ်ပုံ၊ရုပ်သံပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်မှာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ငယ်စဉ်ဘ၀မှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း မှတ်တမ်းဓာတ်ပုံများ၊ ဈာပနအခမ်းအနားဓာတ်ပုံတွေအပြင် ရုပ်သံမှတ်တမ်းတွေနဲ့လည်း ပြသနေတာဖြစ်ပါတယ်။အီလက်ထရောနစ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအနေနဲ့ အခုလို အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် သမိုင်းဝင်ဓါတ်ပုံ၊ရုပ်သံပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို တတိယအကြိမ်ပြုလုပ်တာဖြစ်ပြီး နောက်ပိုင်းမှာလည်း ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

 

 

Related News