Bargayar University College က ဦးစီးပြီး Smart SME ဆိုင်ရာဆွေးနွေးပွဲကို ဇူလိုင်လ(၂၀)ရက်က ရန်ကုန်မြို့ရှိ Bargayar University College မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ SME ကဏ္ဍဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာတွေသိရှိစေဖို့၊ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှ  လူကြီးပိုင်းသာမက လူငယ်ပိုင်းတွေမှာပါ SME ကို နားလည်သိရှိစေဖို့အပြင် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ စီမံခန့်ခွဲမှုအပိုင်းတွေပါ သိရှိစေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာတော့ Smart SME နဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေ လက်ရှိမှာဖြစ်ပေါ်နေတဲ့ SME ကဏ္ဍတွေ၊  Smart SME ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အကြောင်းအရာတွေ၊ စီးပွားရေးလုပ်ငန်းကိုစိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ သိထားသင့်တဲ့ SME စည်းမျဉ်းတွေအစရှိတဲ့ အကြောင်းအရာတွေကို SME မှ တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။Bargayar University College အနေနဲ့ Smart SME ဆိုင်ရာဆွေးနွေးပွဲကို ပထမအကြိမ် ကျင်းပပြုလုပ်တာဖြစ်ပြီး နောက်ပိုင်းမှာ ဆက်လက်ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

 

Related News