Astissmile Art House ကဦးစီးပြီး Love,Peace & Joy ပန်းချီအရောင်းပြပွဲကို ဇူလိုင်လ(၂၀)ရက်မှ (၂၈)ရက်ထိ ရန်ကုန်မြို့ရှိ Artissmile Art House မှာပြသရောင်းချနေတာဖြစ်ပါတယ်။ ဒီပန်းချီပြပွဲကို ပြုလုပ်တာက ပန်းချီလောကကို ပြန်လည်ဖော်ထုတ်နိုင်စေဖို့၊ ပြည်တွင်းရှိ ပန်းချီဆရာတွေစုပေါင်းပြီး ပန်းချီပညာအကြောင်းတိုင်ပင်ဆွေးနွေးစေဖို့၊ ပန်းချီပညာကိုနောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းသင်ကြားပေးနိုင်စေဖို့ရည်ရွယ်ပြီးပြုလုပ်တာ ဖြစ်ကါတယ်။

ပြည်တွင်းရှိ ပန်းချီဆရာအယောက်(၉၀)ရဲ့ ပန်းချီကားပေါင်း(၁၈၀)ခန့်ကို ပြသရောင်းချနေတာဖြစ်ပြီး ဒီပန်းချီကားတွေကို ရေဆေး၊ ဆီဆေး၊ အက်ခရိုင်းလစ်အစရှိတဲ့ ဆေးတွေနဲ့ အသုံးပြုရေးဆွဲထားတာဖြစ်ပြီး ပန်းချီကားဈေးနှုန်းတွေက အနည်းဆုံး မြန်မာငွေကျပ်(၅)သောင်းမှ အများဆုံးငွေကျပ်သိန်း(၂၀)နီးပါးရှိတယ်လို့သိရပါတယ်။Love, Peace & Joy ပန်းချီပြပွဲမှာ ပန်းချီကားတွေကိုပြသရောင်းချတာအပြင် ပုံတူပန်းချီရေးဆွဲခြင်း၊ ပန်းချီပြပွဲကို လာရောက်လေ့လာသူတွေကို ပန်းချီကားကံစမ်းမဲဖောက်ပေးခြင်းအစရှိတဲ့ အစီအစဉ်တွေလည်း ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

 

 

 

Related News