Professional Speakers Association မှကြီးမှူးကျင်းပတဲ့ Future For Youth  ဟောပြောဆွေးနွေးပွဲကို ယခုလအတွင်း ကျင်းပသွားမယ်လို့ ဇူလိုင်လ(၂၃)ရက်က ရန်ကုန်မြို့ ၊ တော်ဝင်ဂါးဒန်းဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တဲ့ အကြိုစာနယ်ဇင်းလင်းပွဲကနေ သိရပါတယ်။ ဟောပြောပွဲမှာတော့ အောင်မြင်လိုတဲ့အနာဂတ်လူငယ်များအတွက် မဖြစ်မနေသိသင့်တဲ့ Professional Branding ၊ Marketing ၊ Management & Leadership စတဲ့  အကြောင်းအရာတွေကို Seminar ဟောပြောခြင်း ၊Panel ဆွေးနွေးခြင်းများနဲ့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာတော့   ဆရာကြီး ဦးကျော်ကျော်လှိုင်၊ ဆရာ လင်းသိုက်ညွန့်၊ MEI မှ ဆရာ ပြေခိုင်၊ SMEBI မှ  ဆရာ စိုးဟိန်း၊ MESI မှ ဆရာ ဇင်ဖြိုးပိုင်၊ Landon Business Academy မှ ဆရာမ ကေသရီကျော် စတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှ အောင်မြင်နေတဲ့ ဆရာ၊ ဆရာမများမှ ဦးဆောင်ပါဝင်ဟောပြောသွားမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပပြုလုပ်တဲ့ Future For Youth ဆွေးနွေးပွဲကိုတော့ ဇူလိုင်လ(၂၈)ရက်  တော်ဝင်ဂါးဒင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေအနေနဲ့ ငွေကျပ်(၄၉၀၀၀)၊ ငွေကျပ်(၁၉၀၀၀)နဲ့ ငွေကျပ်(၉၀၀၀) သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

 

Related News