၂၀၁၆ ခုနှစ် မတ်လ (၃၀) ရက်ကနေ အာဏာလွှဲပြောင်းယူခဲ့တဲ့ အစိုးရသစ်အနေနဲ့ အုပ်ချုပ်မှု တာဝန်ကိုရယူခဲ့တဲ့ ၉ လတာ ကာလအတွင်းမှာ ပြည်သူကို လှည့်ဖျားတဲ့ လုပ်ရပ်တွေလုပ်ခဲ့ခြင်းလုံးဝ မရှိဘူးလို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ ဇန်န၀ါရီ ၁ ရက်က နေပြည်တော်ရှိ  MICC 2  မှာ လူငယ်တွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းအတွင်း ၂၀၁၇ နှစ်သစ်အတွက် အဖွင့်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြား လိုက်တာပါ။

ပြည်သူတွေကိုပေးထားတဲ့ ကတိတွေကို ဖြစ်မြောက်ဖို့အတွက် ကြိုးစားရာမှာ မအောင်မြင်တာတွေရှိနေသေးသလို မမျှော်မှန်းထားဘဲ အောင်မြင်တာတွေလည်း ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အစိုးရသစ်အနေနဲ့ ပြည်သူတွေကို မတည်နိုင်တဲ့ ကတိတွေကို ပေးထားခြင်းမရှိသလို ပေးထားတဲ့ကတိတွေကိုလည်း တည်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ်္ဂိုလ်က ဆက်ပြောပါတယ်။

ပြည်သူတွေကို ဘယ်လိုကတိမျိုးတွေကို ပေးထားလဲ၊ ပေးထားတဲ့ ကတိတွေ ကိုရော တည်ခဲ့ရဲ့လား ၊ ဒါကိုလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ပြောပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ လူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ တိုင်း ဒေသကြီးနဲ့ ပြည်နယ် အသီးသီးက လူငယ် ၁၈ ဦးနဲ့ တွေ့ဆုံပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီ စကားဝိုင်းကိုတော့ ကချင်၊ ကယားနဲ့ ချင်း ပြည်နယ်က လူငယ်ကိုယ်စားလှယ်တွေတော့ တက်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ 

 

 

Related News