လာမယ့် ၂၀၂၀ ရောက်ရင် အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမား (၁)သန်း ကနေ (၁)သန်းခွဲအထိ အလုပ်အကိုင်ပေးနိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပါတယ်။ ၃ နှစ်အတွင်း ၀င်လာနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဈေးကွက်ကို ကြည့်ပြီး အခုလို သုံးသပ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။အထည်ချုပ်ကဏ္ဍမှာ ၂၀၁၄ခုနှစ်မတိုင်ခင်က စက်ရုံပေါင်း (၃၀၀)အောက်နဲ့ အလုပ်သမား (၂)သိန်းခွဲရှိခဲ့ပြီး လက်ရှိမှာ စက်ရုံပေါင်း (၅၀၀)ကျော်၊ အလုပ်သမား (၄)သိန်းခွဲကျော်ရှိနေပြီ ဖြစ်သလို ပြည်ပပို့ကုန်အများဆုံး ထိပ်ဆုံးကဏ္ဍသုံးခုမှာ ပါဝင်နေပါတယ်။

အထည်ချုပ်ကဏ္ဍရဲ့ပြည်ပတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၁.၆၈ဘီလီယံ ရှိခဲ့ပြီး အခု၂၀၁၇-၁၈ ဘဏ္ဍာနှစ် မှာတော့ အမေရိကန်ဒေါ်လာ၂ဘီလီယံရှိတယ်လို့ သိရပါတယ်။ အထည်ချုပ်ကဏ္ဍရဲ့ ပြည်ပတင်ပို့မှုဟာလည်း ၂၀၁၂ခုနှစ် ကစပြီး တစ်နှစ်ကို (၃၀)ရာခိုင်နှုန်း တိုးတက်နေပြီး လာမယ့် ၂၀၂၀မှာတော့ အမေရိကန် ဒေါ်လာ(၅)ဘီလီယံအထိ ရှိလာဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ တရုတ်၊တိုင်ပေနဲ့ ထိုင်ဝမ်နိုင်ငံ တွေက ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ လက်ရှိအထည်ချုပ်ကဏ္ဍရဲ့ ပြည်ပဈေးကွက်ကတော့ ဥရောပ၊ဂျပန်၊တောင်ကိုရီးယား၊ အမေရိကန်နဲ့တရုတ်နိုင်ငံတွေဖြစ်ပါတယ်။ လက်ရှိအထည်ချုပ် လုပ်ငန်းတွေဟာ ပြည်ပကနေကုန်ကြမ်းတင်သွင်းပြီး ကုန်ချောပြည်ပပြန်ပို့တဲ့ လက်ခစား စနစ်နဲ့ လုပ်ကိုင်နေတာကြောင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံကနေ ပို့ကုန်သွင်းကုန် အခွန်ကင်းလွတ်ခွင့် လည်း ရရှိ ထားပါတယ်။ 

 

 

Related News