ဘုရင့်နောင်ပွဲရုံဝင်းအတွင်း လမ်းများပျက်စီးနေမှုကို မိုးတွင်းကာလအကုန်မှာ  အချောသတ်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှာရှိတဲ့ လမ်းသွယ်တွေကို ပွဲရုံလုပ်ငန်းတွေကနေ လစဉ်ကောက်ခံတဲ့ သန့်ရှင်းရေးခွန်၊လုံခြုံရေးခွန်၊ဖွံ့ဖြိုးရေးခွန်၊ဘုရင့်နောင်ဝင်းအတွင်း ညအိပ်ယာဉ်များမှရတဲ့ ညအိပ်ကြေးများကရတဲ့ ရန်ပုံငွေတွေနဲ့ ပြင်ဆင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

လက်ရှိမိုးတွင်းကာလမှာတော့ လမ်းပြင်ဆင်ရာမှာ ချိုင့်ခွက်တွေကို ဖာထေးပြင်ဆင်တာတွေသာလုပ်ဆောင်နေပြီး အချောထည်ပြင်ဆင်မှုလုပ်ငန်းကိုတော့ ပွင့်လင်းရာသီရောက်မှာသာဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှာရှိတဲ့ အဓိကလမ်းတွေဖြစ်တဲ့ ရိုးကြီးချောင်းပတ်လမ်း၊ ကံ့ကော်လမ်းမ၊ ယင်းမာလမ်းမ၊ အင်ကြင်းလမ်းမ၊ ကျွန်းရွှေဝါလမ်း စတဲ့ အဓိကလမ်းမကြီးတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြင်ဆင်ဆောင်ရွက်ပေးနေတာပါ။ လက်ရှိမှာတော့ ကားအ၀င်အထွက်များပြီး ကုန်တင်ကုန်ချအများအပြားရှိတဲ့  လမ်းတွေမှာ ပျက်စီးမှုအများအပြားရှိနေတာကြောင့် ယာဉ်တွေအနေနဲ့ သွားလာရာမှာ အခက်အခဲအချို့ရှိတယ်လို့ပြောပါတယ်။ဘုရင့်နောင်ကုန်စည်ဝင်းအတွင်းမှာ ပွဲရုံလုပ်ငန်းပေါင်း (၁၂၀၀)ကျော်ရှိပြီး အဝေးပြေးကုန်စည်ပို့ဆောင်မှုကားဂိတ်ပေါင်း (၄၀၀)ကျော်ရှိတယ်လို့သိရပါတယ်။

 

 

Related News