တိုင်းရင်းသားရိုးရာပွဲတော်တွေများများကျင်းပစေချင်ပြီး ထမင်းလက်ဆုံစားတာဟာ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ သြဂုတ်လ(၂၈)ရက်ကပြုလုပ်တဲ့ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြကည် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားမှာ အဖွင့်အမှာစကားပြောကြားစဉ် ပြည်တွင်းမှာ တိုင်းရင်းသားတွေရဲ့ရိုးရာပွဲတော်တွေကို များများကျင်းပခြင်းဖြင့် တစ်ဦးနဲ့တစ်ဦးနားလည်းပြီးတော့ လေးစားချစ်ခင်စိတ်တွေပွားများစေသလို ဒီလိုပွဲတော်တွေမှာ  လူငယ်တွေရဲ့တတ်ကြွမှုတွေကိုတွေ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီချည်ဖြူဖွဲ့မင်္ဂလာပွဲ စည်းလုံးခြင်းနဲ့မေတ္တာတရားကို ပြသတဲ့ပွဲတစ်ခုဖြစ်သလို  ကရင်တိုင်းသားတွေအပါအ၀င် တိုင်းရင်းပေါင်းစုံရှိနေတာကြောင့် တစ်ဦးအတွက် လုပ်တာဟာ  အားလုံးအတွက် လုပ်တာဖြစ်ကြောင်း ထင်မြင်မိတယ်လို့လည်းဆိုပါတယ်။ ဒါ့ပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့တာပါ။ ဒီပွဲမှာ လိပ်ပြာခေါ်တာနဲ့ပတ်သက်လို့ ကရင်တိုင်းရင်းသားတစ်ချို့ဘာသာရေးအဖွဲ့အစည်းတွေက လက်မခံနိုင်ကြတာတွေရှိရပြီး လိမ်ပြာခေါ်ခြင်းမှာ စိတ်ဓာတ်ကိုခေါ်ဆိုခြင်းဖြစ်ပြီး စိတ်ရော၊ခန္ဓာပါစုစည်းရမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံးဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ရှင်းလင်းပြောကြားပါတယ်။

ဒ့ါပြင်ချည်ဖြူဖွဲ့ရာမှာသုံးတဲ့ ရေ၊ချည်ဖြူက ငြိမ်းချမ်းရေးအသွင်းဆောင်နေပြီး ဒါကိုတစ်မျိုးသားလုံးက ဖော်ဆောင်ဖို့၊နိုင်ငံရဲ့လိုအပ်မှုအရ ငြိမ်းချမ်းရေးဟာကရင်တစ်မျိုးသားလုံးရဲ့ အဓိကအင်္ဂါရပ်တစ်ခု ဖြစ်တယ်လို့လည်း  ဆိုပါတယ်။ဒါ့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားမှာ ကရင့်ရိုးရာအစားအသောက်တွေနဲ့ တည်ခင်းဧည်ခံမယ်ဆိုလို့ အင်မတန်အားတက်မိပြီး တစ်ယောက်အကြောင်းတစ်ယောက်ပိုသိရတယ်လို့ဆိုပါတယ်။ မတူကွဲပြားမှုတွေကို ဖော်ပြတဲ့အခါမှာ အစားအသောက်ကလည်း အရေးကြီးသလို အားလုံးအေးအတူပူအမျှဆက်ပြီးတော့သွားမှာကို ပြသတာအပြင် မိတ်ဆွေဖွဲ့ဖို့အခွင့်ကောင်းတစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။

ထမင်းလက်ဆုံစားရင်းနဲ့ ပြောတဲ့စကားတွေ၊ တစ်ဦးနဲ့တစ်ဦးဖလှယ်တဲ့အမြင်တွေဟာ အစည်းအဝေခန်းမထဲမှာ ပြောတဲ့စကားတွေ၊ အမြင်တွေနဲ့ မတူသလို တခါတလေ အစည်းအဝေးခန်းမထဲမှာ မပြောနိုင်တဲ့ကိစ္စတွေကို ထမင်းစားပွဲဝိုင်းမှာ ပြောနိုင်တာကြောင့် ထမင်းလက်ဆုံစားဖို့ဆိုတာ အားလုံးအတွက် အင်မတန်းမှာအရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ဒီချည်ဖြူဖွဲ့လက်ချည်ပွဲကတော့ ရိုးရာအထောက်အထားတွေအရ တစ်နေ့ကရင်လူမျိုးတွေ အုပ်စုကွဲခြင်း၊ ဂိုဏ်းဂဏကွဲခြင်း၊ စိတ်ဝမ်းကွဲခြင်းစတာတွေ ကြုံလာဖွယ်ရာရှိမှာကို ကြိုတင်သုံးသပ်ဆင်ခြင်မိပြီး စည်းလုးံမှု အသွင်ဆောင်စေတဲ့ ပွဲလဲဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News