ရာဇမဏိစူဠာကောင်းမှုတော်ဘုရားတွင် ထားရှိတင်လှူပူဇော်မယ့် ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ပင့်ဆောင်တဲ့ အခမ်းအနားကို မတ်လ (၁၉) ရက်က စစ်ကိုင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။မတ်လ (၁၉) ရက် မှာတော့ စစ်ကိုင်းမြို့ကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးမှာ ပင့်ဆောင်ပူဇော်ထားရှိသွားမှာ ဖြစ်ပါတယ်။ ဒီစည်တော်ကြီး ထားရှိရန်အတွက် အလျားပေ (၃၀)၊ အမြင့်ပေ (၇၀) ရှိ ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို အင်းတော်မြို့၊ လက်ပံကုန်းရွာ ဆရာပွဲ မြန်မာ့တူရိယာအမျိုးမျိုးလုပ်ငန်းမှ ပြုလုပ်ထွင်းထု ပူဇော်ခဲ့တာ ဖြစ်ပါတယ်။ စည်တော်ကြီးကို နှစ်ပေါင်း(၁၅၀) သက်တမ်းရှိ ကုက္ကိုသားနဲ့ ထွင်းထုထားတာဖြစ်ပြီး ထွင်းထုချိန် (၁) နှစ်ဝန်းကျင် ကြာမြင့်ခဲ့တယ်လို့  သိရပါတယ်။

စည်တော်ကြီးရဲ့ အရွယ်အစားမှာ  အလျား (၁၂၈) လက်မ၊ အမြင့် (၆၄) လက်မ၊ မျက်နှာဝ အကျယ် (၅၄) လက်မရှိပြီး စည်တော်မျက်နှာပြင်အတွက် ကျွဲသားရေနှစ်ချပ်နဲ့ စည်ကျစ်ကြိုးအတွက် နွားသားရေ (၁၈) ချပ် အသုံးပြုထားတယ်လို့ သိရပါ တယ်။စည်တော်ကြီးအတွင်းပိုင်းမှာ ဘုရားဟော ဒေသနာတော်နဲ့ ဂါထာတော်တွေ၊ ရှင်သီဝလိဂါထာတော်၊ ဗားမဲ့ဆရာတော်ရဲ့ ဘုရားလေးဆူအင်း၊ ကြီးလေးကြီးအင်း၊ ရွှေတိဂုံစေတီတော်မှ ပဋ္ဌမံအင်းကွက်တော်၊ (၁၀၈) ကွက်ဂါထာတော်တွေ ထည့်သွင်းပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စည်တော်ကြီးအပြင်ဘက်မှာ ပုဂံခေတ် လက်ရာ ဗုဒ္ဓဘုရားရှင်ရဲ့ (၁၀၈)ကွက်ခြေတော်ရာ စက်လက္ခဏာအား နတ်မင်းကြီး(၂) ပါးမှ ပူဇော်နေတဲ့ပုံကို ထည့်သွင်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

 

 

Related News