မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပနေတဲ့ MFF U14 Football Tournment 2018 ပြိုင်ပွဲ ဗိုလ်လုပွဲဟာ သြဂုတ်လ(၉)ရက်ကပြီးဆုံးသွားခဲ့ပြီး ထိုင်း (ယူ ၁၄) အသင်းက ချန်ပီယံဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။MFF U14 Football Tournment ပြိုင်ပွဲကို မန္တလေးအကယ်ဒမီ (ယူ ၁၄)၊ ပုသိမ်အကယ်ဒမီ (ယူ ၁၄)အသင်း ထိုင်း (ယူ ၁၄)အသင်းနဲ့ ဂျပန်ဖူကူရှီးမား (ယူ ၁၄)အသင်းတို့ကပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းမှာရှိတဲ့ ဘောလုံးအကယ်ဒမီတွေက မျိုးဆက်သစ် လူငယ် ကစားသမား တွေကို နိုင်ငံခြားအသင်းတွေနဲ့ ယှဉ်ပြိုင်မှုအတွေ့အကြုံတွေနဲ့ နည်းစနစ်တွေကို ပိုမိုရရှိစေဖို့ ဒီပြိုင်ပွဲကို ကျင်းပ တာဖြစ်တယ်လို့ သိရပါတယ်။

ပွဲစဉ်အားလုံးအပြီးမှာ ထိုင်း (ယူ ၁၄)အသင်းက ၃ပွဲစလုံးနိုင်ပွဲရရှိခဲ့ပြီး ဂျပန်ဖူကူရှီုးမား (ယူ ၁၄)အသင်းက ၂ပွဲနိုင် ၁ပွဲရှုံး၊ မန္တလေးအကယ်ဒမီ (ယူ ၁၄)အသင်းက ၁ပွဲနိုင် ၂ပွဲရှုံးရလဒ်နဲ့ ပုသိမ်အကယ်ဒမီ (ယူ ၁၄) အသင်းကတော့နိုင်ပွဲမရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲကို သြဂုတ်လ (၉)ရက်နေ့ ညနေပိုင်းမှာ ထိုင်း (ယူ ၁၄)အသင်းနဲ့ ဂျပန်ဖူကူရှီုးမား (ယူ ၁၄)အသင်းတို့က ယှဉ်ပြိုင်ခဲ့ကြပြီး (၃ဂိုး ဂိုးမရှိ)နဲ့ ထိုင်း (ယူ ၁၄)အသင်းက ချန်ပီယံဆုဖလားနဲ့ ရွှေတံဆိပ်ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဒုတိယဆုကိုဂျပန်ဖူကူရှီုးမား (ယူ ၁၄)အသင်း၊ တတိယဆုကိုတော့ မန္တလေးအကယ်ဒမီ (ယူ ၁၄)အသင်းတို့က ရရှိခဲ့ပြီး  ပုသိမ်အကယ်ဒမီ (ယူ ၁၄) အသင်းကတော့ စတုတ္ထနေရာကိုသာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့အခုလိုမျိုးဆက်သစ်လူငယ်ကစားသမားတွေအတွက် ပြိုင်ပွဲတွေကို အရင် ကပြည်တွင်းမှာရှိတဲ့ဘောလုံးအကယ်ဒမီတွေက အသင်းတွေကိုသာပြိုင်ပွဲပြုလုပ်ပေးခဲ့တာဖြစ်ပြီး အခု ၂၀၁၈ ခုနှစ်ကစတင်ပြီး Football Tournament တွေမှာ အခုလိုနိုင်ငံခြား အသင်း တွေကို ဖိတ်ခေါ်ပြီး ပြုလုပ် သွားမယ်လို့ သိရပါတယ်။

 

 

 

Related News