MMA ကစားသမားဖိုးသော်က စက်တင်ဘာလမှာ ယှဉ်ပြိုင်မဲ့ ကရာတေးပြိုင်ပွဲနဲ့ အောက်တိုဘာလမှာ ယှဉ်ပြိုင်မယ့် One Championship ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေကို ပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။ MMA ကစားသမားဖိုးသော်က ဇွန်လ 29 ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ One Championship ပြိုင်ပွဲကို မျက်လုံးဒါဏ်ရာကြောင့်လွဲချော်ခဲ့ပါတယ်။အခုအခါမှာ ဒါဏ်ရာကနေ သက်သာလာပြီးနောက် လေ့ကျင့်ခန်းတွေပြန်လုပ်နေပါတယ်။

ဖိုးသော်က လက်ရှိမှာ ၉ လပိုင်းစင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်မဲ့ Kyokushin ကရာတေးဒိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး စင်ကာပူ - နီပေါနိုင်ငံက ကစားသမားများနဲ့ ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။ ဖိုးသော်က အောက်တိုဘာလ ၂၆ ရက် မြန်မာနိုင်ငံမှာကျင်းပမဲ့ One Championship ပြိုင်ပွဲမှာလည်း မလေးရှာနိုင်ငံသားနိုင်ငံသားနဲ့ထိုးသတ်သွားမယ်လို့သိရပါတယ်။ သူက MMA ပွဲ ၆ ပွဲ ထိုးသတ်ထားတာဖြစ်ပြီး ရှုံးပွဲမရှိသေးတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဖိုးသော်က ဖေဖော်ဝါရီလက One Championship ပြိုင်ပွဲအဖြစ်ထိုးခဲ့တဲ့ Sor sey နဲ့ပြိုင်ပွဲအပြီးမှာ One Championship နဲ့ စာချူပ် 6 ပွဲချူပ်ဆိုထားပါတယ် ။ အခုပွဲက One Championship စာချူပ်ချူပ်ဆိုအပြီး ပထမဆုံးယှဉ်ပြိုင်ရမဲ့ပွဲလည်း ဖြစ်ပါတယ်။

ဖိုးသော်ကတော့လက်ရှိမှာ MMA ကို စိတ်ဝင်စားသူများအတွက်သင်တန်း ဖွင့်ပြီး သင်ကြားပေးနေ တာလည်းဖြစ်ပါတယ်။ နောက်ထပ်လည်း တက္ကသိုလ်များမှာ ကိုယ်ခံပညာများကို အခွင့်အရေးရပါက သွားရောက်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

 

 

 

Related News