တရုတ်နိုင်ငံရှိယူနန်ပြည်နယ် ကွမ်မိန်းမြို့မှာကျင်းပမယ့် Kunming International Tennis ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် လူရွေးချယ်မှုတွေပြုလုပ်နေတဲ့မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ရဲ့ အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။တရုတ်နိုင်ငံက အောက်တိုဘာလ (၆) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် Kunming International Tennis ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်အနေနဲ့ လူရွေးချယ်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် လာရောက်ရွေးချယ်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်က ကစားသမား (၃၂) ဦးထဲက (၁၄) ဦးကိုသာ ရွေးချယ်ပြီးသွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်မယ့်ပြိုင်ပွဲအမျိုးအစားတွေကတော့ အမျိုးသား၊ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး အသက် (၁၆)နှစ်အောက်ပြိုင်ပွဲတွေကို ၀င်ရောက် ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲအမျိုးအစားတွေထဲက အမျိုးသား၊ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲကို လက်ရွေးစင် ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကျန်တဲ့ ပြိုင်ပွဲအမျိုးအစားတွေကိုတော့ လာရောက်ရွေးချယ်တဲ့မျိုးဆက်သစ်ကစားသမားတွေနဲ့ ၀င်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

Kunming International Tennis ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လူရွေးချယ်ပွဲကို သြဂုတ်လ (၂၂) ရက်နေ့ နဲ့ (၂၃) ရက်နေ့ အထိရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ကစားသမားတွေကိုတော့ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှာပဲ စခန်းသွင်းပြီး လေ့ကျင့်မှု တွေပြုလုပ်နေတာဖြစ်ပါတယ်။

 

 

 

Related News