(၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ အားကစားနည်း(၈)မျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ လှေလှော်ကစားနည်းရဲ့ အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲ ၊ လေးယောက် တွဲနဲ့ ရှစ်ယောက်တွဲ  ပွဲစဉ်တွေမှာတွေမှာ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရပါတယ်။ သေနတ်ပစ် ကစားနည်းမှာ (၁၀)မီတာလေပစ္စတို ကျားမနှစ်ယောက်တွဲပွဲစဉ်၊ (၁၀)မီတာလေရိုင်ဖယ်ပြိုင်ပွဲ၊ (၂၅)မီတာ လေပစ္စတိုပြိုင်ပွဲတွေမှာ ရလဒ် ကောင်းမရရှိခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပါတယ်။

ဝူးရူးကစားနည်းမှာ မြန်မာနိုင်ငံမှ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ စန္ဒီဦးက အမ်ျိုးသမီးထောက်လုပြိုင်ပွဲ ချမ်းချွမ်ပွဲစဉ်မှာ နိုင်ငံအလိုက်အဆင့်(၉)၊ အေးသစ္စာမြင့်က နန်းချွမ်ပွဲစဉ်မှာ အဆင့်(၁၀)၊ နန်းသောင်းပြိုင်ပွဲမှာ အဆင့်(၇)ရရှိခဲ့ပါတယ်။မြန်မာနိုင်ငံအတွက် ပထမဆုံးဆုတံဆိပ်ဖြစ်တဲ့ ကြေးတံဆိပ်ဆုကို ထိုက်ချိချွမ်+ ထိုက်ချိကျန့်ပွဲစဉ်မှာ ငြိမ်းချမ်းကိုကိုက ရယူပေးခဲ့တာဖြစ်ပါတယ်။တိုက်ကွမ်ဒိုပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းကကွက်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအတိုက်ပြိုင်ပွဲ၊ အမျိုးသား အတိုက် (၆၃)ကီလိုတန်း ဘင်တမ်ဝိတ်တန်း စတဲ့ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံမှ ပြိုင်ဘက်ကစားသမား တွေကို ရှုံးနိမ့်ခဲ့ပါတယ်။

ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲမှာ မြန်မာအသင်းက လာအိုနဲ့ထိုင်းနိုင်ငံ တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။ အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲမှာတော့ အကြို ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီး တတိယနေရာအတွက် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ တတိယနေရာ လုပွဲမှာ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ကြေးတံဆိပ်ရရှိခဲ့ပါတယ်။ဘောလီဘောပြိုင်ပွဲမှာ မြန်မာအသင်းမှ ကာဇက်စတန်အသင်းကို (၃)ပွဲ(၁)ပွဲနဲ့ အနိုင်ရရှိခဲ့ပြီး ဂျပန်အသင်းကို (၃)ပွဲ(၂)ပွဲနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။မြှားပစ်ကစားနည်း Recurveအမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ လက်ရွေးစင်ကစားသမားဖြစ်တဲ့ ထိုက်လင်းဦးက ကွာတားဖိုင်နယ်အဆင့်မှာ မလေးရှားကစားသမားကို ရှုံးနိမ့်ခဲ့ပြီး Recurve အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ လက် ရွေးစင်ကစားသမား သီတာနွယ်က ကွာတားဖိုင်နယ်မှာ တရုတ်ကစားသမားကို ရှုံးနိမ့်ခဲ့တာကြောင့်  ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ ပါတယ်။ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက သြဂုတ်လ(၂၄)ရက်နေ့ ပြိုင်ပွဲတွေအပြီး ကြေးတံဆိပ်(၂)ခု ရယူထား နိုင်ခဲ့ပါတယ်။ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ရွှေတံဆိပ်မျှော်မှန်းထားတဲ့ ရိုးရာလှေနဲ့ ပိုက်ကျော်ခြင်းပြိုင် ပွဲ လေးယောက်တွဲ ပွဲစဉ်တွေကျန်ရှိနေသေးပြီး ရိုးရာလှေပြိုင်ပွဲကို ဒီကနေ့စတင်ယှဉ်ပြိုင် သွားမယ်လို့ သိရပါတယ်။

 

 

 

Related News