နိုင်ငံတကာဖိတ်ခေါ်အသက် (၄၀)နှစ်အထက် အမျိုးသား၊ အမျိုးသမီးဘတ်စကတ်ဘောပြိုင်ပွဲကိုစက်တင် ဘာလ (၁) ရက်က သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ (၁) မှာပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတကာဖိတ်ခေါ် အသက် (၄၀) နှစ်  အထက် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲကို မြန်မာနိုင်ငံ ကအိမ်ရှင် အဖြစ် အောင်ဆန်းမိုးလုံလေလုံအားကစားခန်းမမှာကျင်းပနေတာဖြစ်ပါတယ်။

ပြိုင်ပွဲကို နိုင်ငံ(၈)နိုင်ငံ ဖြစ်တဲ့ အိမ်ရှင် မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ တရုတ် (တိုင်ပေ) နဲ့ မကာအို အသင်း တို့က လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။စက်တင်ဘာလ (၁) ရက်နေ့က ဖွင့်ပွဲအခမ်းအနားမပြုလုပ်ဘဲ ပြိုင်ပွဲတွေကိုယှဉ်ပြိုင်ခဲ့ပါတယ်။

နိုင်ငံတကာ ဖိတ်ခေါ် အသက် (၄၀) နှစ်အထက် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲကို အောင်ဆန်းမိုးလုံ လေလုံအားကစားခန်းမမှာ တစ်နေ့ကို (၇) ပွဲနဲ့ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာဖိတ်ခေါ် အသက် (၄၀) နှစ်အထက် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲကို စက်တင်ဘာလ (၁) ရက်နေ့ကနေ စက်တင်ဘာလ (၄) ရက်နေ့အထိ အောင်ဆန်းမိုးလုံလေလုံ အားကစားခန်းမမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

 

 

Related News