We Are One Cup အပျော်တမ်းလိဂ် ရန်ကုန်မြို့ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို စက်တင်ဘာလ (၈) ရက်က အောင်ဆန်းကွင်းမှာကျင်းပခဲ့ရာ TKA Friendship FC   နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်လာခဲ့ပါတယ်။We Are One Cup ဘောလုံးပြိုင်ပွဲကို 2017 ခုနှစ်မှာစတင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရွက်ပုန်းသီးကစားသမားများ ပေါ်ထွက်လာစေဖို့   အတွက်အဓိကရည်ရွယ်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ရန်ကုန်မြို့   လက်ရှိချန်ပီယံ TKA Friendship FC အသင်းနဲ့ 10/Mon FC အသင်းတို့က တွေ့ဆုံခဲ့ပါတယ်။

အခု (၂)သင်းက   ရှုံးပွဲမရှိထားတဲ့အသင်း (၂)သင်းဖြစ်တာကြောင့် ပွဲကစားချိန် မှာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲပြီးဆုံးချိန်မှာအဆုံးသတ်သေချာခဲ့တဲ့ TKA Friendship FC အသင်းက (၄)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ပြိုင်ပွဲပြီးဆုံးချိန်မှာ ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာရန်ကုန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့အသင်း    တွေကို အမှတ်တရလက်ဆောင်များချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိခဲ့တဲ့ 10/Mon FCအသင်း   ကို တစ်ဦးချင်းဆုတံဆိပ်နဲ့ ဆုငွေ (၅)သိန်း ၊ ချန်ပီယံTKA Friendship FC အသင်းကို တစ်ဦးချင်းဆု   တံဆိပ် ဆုဖလားနဲ့အတူ Grand Final ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ဆုကို ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။We Are One Cup ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလအတွင်း မြန်မာနိုင်ငံမြို့ကြီး (၈)မြို့ရဲ့ ချန်ပီယံဖြစ်ခဲ့တဲ့     အသင်းတွေက တောင်ကြီးမြို့မှာ ကွာတားဖိုင်နယ်အဆင့်ကနေ နောက်ဆုံးဗိုလ်လုပွဲအထိ ယှဉ်ပြိုင်ကစားသွား ရမယ်လို့ သိရပါတယ်။

 

 

Related News