ပထမဦးဆုံးအကြိမ်ကျင်းပခဲ့တဲ့ စမ်းချောင်းမြို့နယ်အုပ်ချူပ်ရေးမှူးဖလား အသက် (၂၁)နှစ်အောက် ဘောလုံး    ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနဲ့ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ (၁၈)ရက် နေ့လည် (၃)နာရီက ပဒုမ္မာ   အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုကျင်းပတဲ့ စမ်းချောင်းမြို့နယ် အုပ်ချူပ်ရေးမှူးဖလား အသက် (၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲက နှစ်(၃၀)   အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲက စမ်းချောင်းမြို့နယ်အတွင်းမှာ ရှိတဲ့ (၁၈)ရပ်ကွက်က အသင်း (၄)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အသင်း (၄)သင်းက ပတ်လည်စနစ်နဲ့ယှဉ်ပြိုင်တာဖြစ်ပြီး အမှတ် အများဆုံးရရှိတဲ့ (၂)သင်းက ဗိုလ်လုပွဲ  ကစားရတာ ဖြစ်ပါတယ်။ဗိုလ်လုပွဲမှာ Zone (2) အသင်းနဲ့ Zone (4) အသင်းတို့က တွေ့ဆုံခဲ့ပြီး Zone (4)အသင်းက (၁)ဂိုး ဂိုးမရှိနဲ့ Zone (2) အသင်းကို အနိုင်ရရှိခဲ့ပါတယ်။

ဘောလုံးပြိုင်ပွဲအပြီးမှာ ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစား   သမားဆုကို ချီးမြှင့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာ ဒုတိယဆုရရှိတဲ့ Zone (2) အသင်းကို တစ်ဦးချင်းဆုတံဆိပ်နဲ့   ဆုငွေ ချီးမြှင့်ပေးခဲ့ပါတယ်။ပထမဆုရရှိတဲ့ Zone (4)အသင်းကို တစ်ဦးချင်းဆုတံဆိပ် ၊ ဆုငွေနဲ့ ဆုဖလားကို ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကိုတော့စမ်းချောင်းမြို့နယ်မှာရှိတဲ့ကစားသမားအချင်းချင်းရင်းနှီးစေရန်နဲ့အောက်တိုဘာလမှာကျင်းပမယ့် မြို့နယ်ပေါင်းစုံ ၀န်ကြီးချူပ်ဖလားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် စမ်းချောင်းမြို့နယ်အသင်းအတွက် ကစား သမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီးကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

 

Related News