မြန်မာဘောလုံးလက်ရွေးစင်အသင်းဝတ်ဆင်မယ့်ဂျာစီအင်္ကျီသစ်ကိုနိုဝင်ဘာလ(၁၀)ရက်ကမန္တလေးမြို့မင်္ဂလာမန္တလေးမှာမိတ်ဆက်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် ဂျာစီအင်္ကျီသစ်ကို Warrix Company ကမိတ်ဆက်ခဲ့တာပါ။ မြန်မာ့လက်ရွေးစင်အသင်း ဂျာစီ အင်္ကျီသစ်အတွက်အမေရိကန် ဒေါ်လာ (5.67) သန်းတန်ကြေးရှိတဲ့ ဂျာစီအင်္ကျီစပွန်စာ စာချုပ်ကို Warrix Company နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ကနိုဝင်ဘာလ(၆)ရက်ကချုပ်ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါအင်္ကျီထိုင်းနိုင်ငံကထုတ်လုပ်တာဖြစ်ပြီး ထိုင်း နဲ့ မြန်မာလက်ရွေးစင်ဘောလုံး အသင်းကို (၆)နှစ်စာချုပ်နဲ့Warrix Companyကစပွန်စာပေးထားတယ်လို့ သိရပါတယ်။ 

 

 

 

Related News