(၂၀၂၀) ခုနှစ်၊ တိုကျိုအိုလံပစ်ရဲ့ ဘောလုံးပြိုင်ပွဲအတွက် အမျိုးသမီးခြေစစ်ပွဲပထမအဆင့်ပွဲစဉ်တွေကို ယခုလ အတွင်းမှာယှဉ်ပြိုင်ခဲ့ကြပြီး၊ အုပ်စု (C) မှာပါဝင်နေတဲ့ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အိန္ဒိယအသင်းကိုအနိုင်ရရှိခဲ့ကာ အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ်။အုပ်စု (C) ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို နိုဝင်ဘာလ (၁၃) ရက်နေ့ကယှဉ်ပြိုင်ခဲ့ကြပြီး၊ နေ့လည် (၃) နာရီအ ချိန်မှာ နီပေါ အမျိုးသမီး အသင်းနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်း၊ ညနေ (၆) နာရီအချိန်မှာ မြန်မာအမျိုးသမီး အသင်းနဲ့ အိန္ဒိယအမျိုးသမီး အသင်းတို့ ယှဉ်ပြိုင် ခဲ့ကြပါတယ်။

နေ့လည် (၃) နာရီအချိန်မှာယှဉ်ပြိုင်ခဲ့တဲ့ နီပေါအ သင်းနဲ့ ဘင်္ဂလားဒေ့ရှ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး၊ မြန်မာအသင်းနဲ့ အိန္ဒိယ အသင်းတို့ပွဲစဉ်မှာတော့ မြန်မာအသင်းက (၂) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းနဲ့ အိန္ဒိယအသင်း တို့ဟာ အမှတ်ပေးဇယားရဲ့ အထက်အောက်ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး၊ ရမှတ်တူဂိုးကွာခြားချက်ရှိနေခဲ့ တာကြောင့် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲစဉ်ကအကြိတ်အနယ်ရှိခဲ့ပါတယ်။ အိမ်ရှင်အားသာချက်ရှိနေတဲ့ မြန်မာအ မျိုးသမီးအသင်းဟာ ပွဲအစ (၃) မိနစ်မှာ ၀င်းသိဂီင်္ထွန်းကဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲကစားချိန် (၂၃) မိ နစ်မှာ အိန္ဒိယအသင်းမှရာတန်ဘလာက ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးချိန်မှာ တစ်ဖက် တစ်ဂိုးစီနဲ့သရေရလဒ်ထွက်ပေါ်နေပြီး၊ အနိုင်ရလဒ်ရရှိမှသာ အုပ်စုပထမနေရာနဲ့နောက်တစ်ဆင့်ကိုတက်ရောက် ခွင့်ရှိမယ့် မြန်မာအမျိုးသမီးအသင်းက ဒုတိယပိုင်းမှာကစားအားမြင့်တင်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းအ တွက်အနိုင်ဂိုးကိုတော့ ပွဲကစားချိန် (၈၂) မိနစ်မှာ ငယ်ငယ်ထွေးကသွင်းယူခဲ့ပြီး၊ ပွဲပြီးဆုံးချိန်မှာ (၂) ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အုပ်စုပွဲစဉ် (၃) ပွဲယှဉ်ပြိုင်ပြီးချိန်မှာ (၂) ပွဲနိုင် (၁) ပွဲသရေ၊ ရမှတ် (၇) မှတ်ရရှိခဲ့တာကြောင့် အုပ်စုပထမနေရာကနေ ခြေစစ်ပွဲဒုတိယအဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီး၊ အိန္ဒိယအ သင်းက ရမှတ် (၄) မှတ်နဲ့ အုပ်စုဒုတိယ နေရာကနေ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင်အုပ် စုပွဲစဉ် (၃) ပွဲစလုံးကိုရှုံးနိမ့်ခြင်းမရှိခဲ့ပဲ၊ ရမှတ် (၃) မှတ်ရယူနိုင်ခဲ့တဲ့နီပေါ အမျိုးသမီးအသင်းဟာလည်း အ ကောင်းဆုံးတတိယအသင်းစာရင်းမှာပါဝင်ခဲ့ပြီး၊ ဒုတိယအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ခြေစစ် ပွဲစဉ်ရဲ့ ဒုတိယအဆင့်ပွဲစဉ်တွေကို (၂၀၁၉) ခုနှစ်၊ ဧပြီလအတွင်းမှာယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ (၄) သင်း (၃) အုပ်စုနဲ့ အသင်းပေါင်း (၁၂) သင်းကယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

 

 

Related News