ရန်ကုန်စီပွားရေးတက္ကသိုလ်ကဦးစီးပြီး MBA ဆောင်းရာသီဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၉)ရက်က ရန်ကုန်တက္က သိုလ် လှိုင်နယ်မြေ ဖူဆယ်ဘောလုံးကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ သော်တာဝင်းက တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ MBA ဆောင်းရာသီဖူဆယ်ဘောလုံးပြိုင်ပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘောလုံးအားကစားနည်းကိုဝါသနာပါတဲ့ ကျောင်းသားကျောင်းသူတွေဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။အခုလို အားကစားပြိုင်ပွဲတွေပြုလုပ်တာက ကျောင်းစာမှာ သာမက အားကစားဘက်မှာ ထူးချွန်မှုရရှိစေရန်၊ ကိုယ်ကာယဖွံ့ဖြိုးမှုရရှိစေရန်၊ ကျောင်းအဆင့်လက်ရွေးစင်ကနေ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ  အမျိုးသမီးအသင်း(၆)သင်း၊ အမျိုးသားအသင်း(၆)သင်းစုစုပေါင်း(၁၂)သင်းက ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဖူဆယ်ဘောလုံးပြိုင်ပွဲရဲ့ အမှတ်ပေးစည်းမျဉ်းတွေကို အားကစားအဖွဲ့ချုပ်မှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ MBA ဆောင်းရာသီဖူဆယ်ဘောလုံးပြိုင်ပွဲက ဒုတိယအကြိမ်မြောက် ပြုလုပ်တာဖြစ်ပြီး ပထမအကြိမ်ကိုတော့ (၂၀၁၆)ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

 

 

Related News