မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲမှာ မြှားပစ်အားကစားနည်းကနေ မြနိမာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို အမျိုးသမီး Compound တစ်ဦးချင်း ပြိုင်ပွဲကနေ စုစုလှိုင်က ရယူပေးခဲ့တာပါ။ စုစုလှိုင်ဟာ ရှုံးထွက်အဆင့်မှာ စင်ကာပူ၊ မြန်မာ၊ မလေးရှားကစားသမားတို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲတက်ရောက်လာခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ ထိုင်းကစားသမားနဲ့ တွေ့ဆုံခဲ့ရာမှာ ထိုင်းကစားသမားကို (၁၃၈)မှတ် (၁၃၇)မှတ်နဲ့ တစ်မှတ်အသာရရှိကာ ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ထိုင်းကစားသမားကိုအနိုင်ရရှိပြီး ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် စုစုလှိုင်က သူ့ရဲ့ ဝမ်းသာပီတိစကားသံတွေကို အခုလိုပြောပြခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ရွေတံဆိပ်ဆုကို ရရှိခဲ့တဲ့ စုစုလှိုင်ဟာ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲမှာ မြှားပစ်အားကစားနည်းအတွက် ပထမဆုံး ရွှေတံဆိပ်ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ငွေတံဆိပ်ဆုကို ထိုင်းကစားသမားက ရယူပေးခဲ့တာဖြစ်ပြီး ကြေးတံဆိပ်ဆုကို မလေးရှားကစားသမားက ရရှိသွားခဲ့တာပါ။ ဒါ့ကြောင့် ပြိုင်ပွဲနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် အတွင်းရေးမှုးက အခုလိုပြောပြထားပါတယ်။အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲမှာ မြှားပစ်အားကစားနည်းကနေ ရွှေတံဆိပ်(၁၀)ခု ချီးမြင့်သွားမှာ ဖြစ်ပြီး လက်ရှိပြိုင်ပွဲအမျိုးအစား(၄)မျိုး ယှဉ်ပြိုင်ပြီးစီးချိန်မှာ မြန်မာမြှားပစ်အားကစားအဖွဲ့က ရွှေတံဆိပ်(၁)ခု ရယူထားနိုင်တာ ဖြစ်ပါတယ်။

 

 

Related News