မြန်မာနိုင်ငံရဲ့ ဂိမ်းတီထွင်မှု Community ကို နိုင်ငံတကာကသိရှိအောင် ပထမဆုံး Global Game Jam 2019 ကို ပြုလုပ်သွားမယ်လို့ ဇန်နဝါရီလ ၁၇ ရက်က MICT Park မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကသိရပါတယ်။ Global Game Jam ဆိုတာ ကမ္ဘာ့အတိုင်းအတာနဲ့ အကြီးဆုံးဂိမ်းတည်ဆောက်ရတဲ့ပွဲတစ်ခုဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ တစ်ချိန်တည်းစတင်ပြီး ပေးထားတဲ့ Theme တစ်ခုနဲ့ လိုက်ဖက်တဲ့ ဂိမ်းတစ်ခုကို အချိန် ၄၈ နာရီအတွင်း အပြီးရေးဆွဲရတဲ့ပွဲဖြစ်တယ်လို့သိရပါတယ်။ Game Development community က လူတွေကို ပိုပြီး ရင်းနှီးစေချင်တဲ့ ရည်ရွယ်ချက်အပါအဝင် အသစ်တွေကိုလက်တွဲခေါ်ပြီး လူဟောင်းတွေအချင်း ရင်းနှီးမှုရစေချင်တဲ့အတွက် ပြုလုပ်ဖြစ်တာလို့သိရပါတယ်။

အဆိုပါပွဲမှာ ဂိမ်းတီထွင်ရတာကို စိတ်ဝင်စားတဲ့ မည်သူမဆိုပါဝင်နိုင်ပြီး အသက် ၁၈ နှစ်ကျော်သူတွေကိုသာ ပွဲအတွက် လက်ခံပေးသွား မယ်လို့သိရပါတယ်။ ပွဲချိန်က ၄၈နာရီဖြစ်တာကြောင့် ပွဲအတွင်းမှာ ညအိပ်ရမှာဖြစ်တဲ့အတွက် အသက် ၁၈ နှစ်မပြည့်သူတွေကိုတော့ အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ပါမှသာ ၀င်ရောက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။  ပါဝင်မယ့်သူတွေအနေနဲ့ Global Game Jam Page က link မှာ register ပြုလုပ်ပြီး KanaungHub Jam site ကိုရွေးပေးရမှာဖြစ်ပြီး ကိုယ်ပိုင် Laptop ယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။

ပါဝင်မယ့်သူတွေအတွက် လျှပ်စစ်မီး ၊၂၄နာရီနေရာ၊ အိမ်သာ၊ အဝတ်လဲခန်း ကျား၊မသီးသန့်ခွဲပေးထားပြီး အင်တာနက်၊ အစားအသောက် စတာတွေကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ Global Game Jam 2019 ကို မြန်မာနိုင်ငံ ကွန်ပြူတာလုပ်ငန်းရှင်းများအသင်းက ကြီးမှူးကျင်းပမှာဖြစ်ပြီး လက်ရှိမှာ အဆိုပါပွဲအတွက် register လုပ်ပီးသူ ဦးရေ ၁၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News