အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုး သမီးယူ-၁၉အသင်းဟာ မတ်လဆန်းမှာ ဂျပန်အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒီပြိုင်ပွဲမှာ အိုကီနာဝါယူ-၁၉၊ ဗစ်ဆဲအိုကီနာဝါယူ-၁၉၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေတာဖြစ်ပြီး မြန်မာအသင်းက အုပ်စု(က)မှာ အိမ်ရှင်ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ အိုကီနာဝါယူ-၁၉အသင်းတို့နဲ့ အတူကျရောက်နေတာပါ။ ဂျပန်-အာဆီယံပြိုင်ပွဲမှာတော့ ကစားသမားတွေ အတွေ့အကြုံရရှိဖို့ ပိုမိုဦးစားပေးသွားမှာဖြစ်ပြီး အာရှခြေစစ်ပွဲကိုသာ အာရုံစိုက်သွားမယ်လို့ နည်းပြဒေါ်သက် သက်ဝင်းက အခုလိုပြောပြ ထားပါတယ်။

ဒါပေမယ့် အခုယှဉ်ပြိုင်ရမယ့် ဂျပန်-အာဆီယံပြိုင်ပွဲဟာ နေ့စဉ်ယှဉ်ပြိုင်ရမှာဖြစ်တဲ့ အတွက် ကစားသမားတွေ ဒဏ်ရာရရှိမှာကိုလည်း စိုးရိမ်နေတယ်လို့ နည်းပြက ဆက်လက်ပြောပြထားပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၉အသင်းဟာ လက်ရှိနိုင်ငံတကာပြိုင်ပွဲ(၂)ခု ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပြီး ဧပြီလအတွင်းမှာတော့ အာရှယူ-၁၉အမျိုးသမီး ချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲကို ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

 

 

Related News