မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲအ တွက် အပြီးသတ်ကစားသမားစာရင်းကို မနက်ဖြန်ဖေဖော်ဝါရီလ(၂၃)ရက်မှာ ရွေးချယ်သွားတော့မှာ ဖြစ်ပါ တယ်။ ဒီပြိုင်ပွဲဟာ (၂၀၁၃)အိမ်ရှင်ဆီးဂိမ်းပြိုင်ပွဲနောက်ပိုင်း ပထမဆုံးပြန်လည်ကျင်းပတဲ့ နိုင်ငံတကာပြိုင်ပွဲ ဖြစ်ပြီး ဒီပြိုင်ပွဲ အတွက် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်ဟာ Nation Championship ပြိုင်ပွဲကျင်းပကာ ပဏာမကစားသမား(၄၅)ဦး ရွေးချယ်ထားတာပါ။ လက်ရှိမှာ ကစားသမားတွေကို စခန်းသွင်း လေ့ကျင့်စေမှာဖြစ်တဲ့အတွက် မနက်ဖြန်မှာ အပြီးသတ်ကစားသမား ရွေးချယ်တော့မှာ ဖြစ်ပါတယ်။

အခုပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား(၂၂)မျိုးအထိ ပါဝင်မှာဖြစ်ပြီးမြန်မာနိုင်ငံမှ တခါမှဝင်ရောက် ယှဉ်ပြိုင်ထားဖူးခြင်း မရှိသေးတဲ့ ပြိုင်ပွဲအမျိုးအစားတွေပါ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ကီလိုတန်းအလိုက် ကာယဗလ ပြိုင်ပွဲ တွေအပြင် အမျိုးသား၊ အမျိုးသမီးစုံတွဲပြိုင်ပွဲ၊ ကာယ ကြံ့ခိုင်မှုပြိုင်ပွဲအမျိုးအစားတွေဖြစ်တဲ့ Sports Physique၊ Athletic Physique၊ Fitness Physique စတဲ့ ပြိုင်ပွဲတွေပါ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြိုင်ပွဲအမျိုးအစားအသစ်တွေမှာပါ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ဆုတံဆိပ် မျှော်မှန်းထားတဲ့ အကြောင်း ကိုလည်း မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်က အခုလိုပြောပြထားပါတယ်။

မနှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၂)ခုရရှိခဲ့ ပါတယ်။ အခု(၁၆)ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မေလ(၁၆)ရက် မှ(၂၁)ရက်အထိ ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

Related News