ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုနဲ့ ကစားသမားတွေရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ GPS လို့ ခေါ်တဲ့ နည်းပညာကို မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းမှာ စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ အာရှယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအပိုင်းကို သိရှိဖို့ GPSနည်းပညာကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ မြန်မာနိုင်ငံက ဘောလုံးအသင်းတွေထဲမှာ ပထမဆုံးအသုံးပြုတာဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ နည်းစရစ်ဒါရိုက်တာအဖြစ် ခန့်အပ်ထားတဲ့ အဲရစ်လက်ထက်မှာ စတင်အသုံးပြုလာခဲ့တာပါ။ ဒီနည်း ပညာမှာ ကစားသမားတစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်းအားတွေ၊ နှလုံးခုန်နှုန်းတွေနဲ့ ကြံ့ခိုင်မှုအပိုင်းစတဲ့ အချက် အလက်တွေကို သိရှိနိုင်မှာဖြစ်ပြီး ဒီနည်းပညာအသုံးပြုချင်းအားဖြင့် ပြိုင်ပွဲမှာ အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

အခုအသုံးပြုနေတဲ့ ပစ္စည်းဟာ စပိန်လက်ရွေးစင်ဘောလုံးအသင်းမှာလည်း အသုံးပြုနေသလို အာရှမှာ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေမှာလည်း အသုံးပြုနေတာဖြစ်ပြီး အရှေ့တောင်အာရှမှာတော့ နိုင်ငံတိုင်းအသုံးပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။မြန်မာယူ-၂၃အသင်းဟာ ယခုလအတွင်း ဂျပန်၊ မကာအို၊ တီမောအသင်းတို့နဲ့အတူ အာရှခြေစစ်ပွဲယှဉ်ပြိုင်ဖို့ ရှိတာကြောင့် ဒီနည်းပညာအသုံးပြုခြင်းအားဖြင့် ပြိုင်ပွဲမှာ ကစားသမားတွေကို အထောက်အကူပြုစေဖို့ မျှော်မှန်းထားတာပါ။မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းဟာ မတ်လ(၂၂)ရက်ကနေ (၂၆)ရက်အထိ ရန်ကုန်မြို့မှာ အာရှယူ-၂၃ ခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး ဒီပြိုင်ပွဲမှာခြေစစ်ပွဲအောင်မြင်ဖို့ မျှော်မှန်းထားပါတယ်။

 

 

Related News