ဘူဂေးရီးယားလူမျိုးနည်းပြ ပိုပေါ့ဗ်ဦးဆောင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ ယခုလအတွင်း မှာ (၂၀၂၀) အာရှ ယူ-၂၃ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ်လက်ခံယှဉ်ပြိုင်ကစားဖို့ရှိနေပြီး ဒီပြိုင်ပွဲဟာ နည်းပြ ပိုပေါ့ဗ်နဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအတွက် စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေပါတယ်။

နည်းပြပိုပေါ့ဗ်ရဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ (၂၀၁၉) AFF U-22 Youth Championship ပြိုင်ပွဲမှာ ရလဒ်မကောင်းခဲ့ပဲ အုပ်စုအဆင့်ပွဲစဉ်(၃)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရမှတ်   (၁)မှတ်၊ သွင်းဂိုး(၁)ဂိုးသာရရှိပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ဒီပြိုင်ပွဲဟာ နည်းပြပိုပေါ့ဗ်အတွက်ပြင်ဆင်ချိန်မလုံ လောက်ခဲ့တဲ့အခြေနေကြောင့် ရလဒ်မကောင်းခဲ့ပေမယ့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၂၀၂၀) အာရှ ယူ-၂၃ ခြေစစ်ပွဲကတော့ ရလဒ်ပိုင်းအရရော ဂုဏ်သိက္ခာပိုင်းအရပါ အရေးပါတဲ့ပြိုင်ပွဲဖြစ်နေပါတယ်။ ယခင်ကျင်းပ ခဲ့တဲ့ ခြေစစ်ပွဲ(၃)ကြိမ်မှာ (၂၀၁၃)ခုနှစ်က တစ်ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး (၂၀၁၆)ခုနှစ်နဲ့ (၂၀၁၈)ခုနှစ် တွေမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။  မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ အုပ်စု(I)မှာ ဂျ ပန်၊ အရှေ့တီမော၊ မကာအိုအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ယခုခြေစစ်ပွဲမှာ အုပ်စုပထမနေရာမှ အသင်းတစ်သင်းတည်းကသာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အ ဆင့်(၂)နေရာမှာရပ်တည်တဲ့အသင်းက အကောင်းဆုံးဒုတိယအသင်းစာရင်းမှာ ပါဝင်မှသာခြေစစ်ပွဲ အောင်မြင် မှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ မတ်လ(၂၂)ရက်မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အရှေ့တီ မော၊ မတ်လ(၂၄)ရက်မှာ မကာအိုအသင်းနဲ့ မတ်လ(၂၆)ရက်မှာ ဂျပန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ။ လက်ရှိမှာ ပဏာမကစားသမား(၂၈)ဦးနဲ့ သုဝဏ္ဏစက်ဘီးစီးကွင်း(၁)မှာ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းဟာ မတ်လ(၂၀)ရက်၊ ဗုဒ္ဓဟူးနေ့မှာ အပြီးသတ်လူစာရင်း ထုတ်ပြန်သွားမှာဖြစ် တယ်လို့သိရပါတယ်။

 

 

Related News