IKO မှဦးစီးဖွင့်လှစ်ထားတဲ့ ကရာတေး နွေရာသီအခြေခံသင်တန်း ကိုတော့ မြောက်ဒဂုံမြို့နယ် မှသုခအလင်း ကုသိုလ်ဖြင့် ပညာဒါနကျောင်းအတွင်းမှာ အခမဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။ IKO ဆိုတာကတော့ International Karate Association ဖြစ်ပြီး ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ဖွဲ့ စည်းပေးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။  အဆိုပါအဖွဲ့အစည်းဟာလဲ သင်တန်းပေါင်းများစွာဖွင့်လှစ်သင် ကြားပေးနေသည့်အပြင် ယခုအခါမှာဆိုရင်လဲ ပရဟိတအနေနဲ့ ကရာတေးအခြေခံသင်တန်းများ အခမဲ့ သင်ကြား ပေးနေတာလဲဖြစ်ပါတယ်။

ကရာတေးတွင် အမျိုးအစားနှစ်မျိုးရှိပြီး ကျိုခ့်ရှင်း နဲ့ ရှိုတိုဂန် ဆိုပြီးနှစ်မျိုးရှိတဲ့အထဲမှာမှ IKO ကတော့ ကျိုခ့်ရှင်း အမျိုးအစားဖြစ်ပါတယ်။ယခု သင်တန်းကတော့ နွေရာသီအခြေခံသင်တန်းများဖြစ်ပြီးသင်တန်းသား ဦးရေအယောက်(၂၃၀)ရှိကြောင်းလဲသိရပါတယ်။သင်တန်းတက်ရောက်လိုသူများကတော့ အသက်(၄)နှစ်အထက်အရွယ်မှစပြီးလက်ခံကြောင်းသိရပါတယ်။အခုသင်တန်းကိုတော့(၃)လအကြာသင်ကြားပေးနေတာဖြစ်ပြီး ဒီအခြေခံသင်တန်းမှတက်မြောက်ပြီးဆုံးသွား ရင်တော့ ပုံမှန်သင်တန်းများကို ဆက်လက်တက်ရောက်လိုပါက တက်ရောက်နိုင်တာလဲဖြစ်ပါတယ်။IKO သင်တန်းကျောင်းများကတော့ ရန်ကုန်တွင်သာမက မန္တလေး၊ကချင်၊ရခိုင်၊မကွေး၊နေပြည်တော်၊ဧရာဝတီတိုင်း စတဲ့ တိုင်နဲ့ပြည်နယ်များမှာလဲဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။

 

 

Related News