မတ်လ(၂၁)ရက် မန္တလေး မန္တလာသီရိကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံအသင်းနဲ့ ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမခြေစမ်းပွဲစဉ်မှာ မြန်မာအမျိုးသမီးဘောလုံးအသင်းက အဆုံးသတ်ပိုင်းအားနည်းချက်များကြောင့်  ဗီယက်နမ်အမျိုးသမီးဘောလုံး    အသင်းကို(၁)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။မြန်မာအမျိုးသမီးဘောလုံးအသင်းကတော့ ဧပြီလမှာယှဉ်ပြိုင်ကစားမဲ့ ၂၀၂၀ တိုကျို အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲမတိုင်ခင် ဗီယက်နမ် အမျိုး သမီးနဲ့ခြေစမ်းပွဲ ၂ ပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ပထမပွဲမှာတော့ မြန်မာအမျိုးသမီး  အသင်းက (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။အခုပွဲမှာ မြန်မာအသင်းက လူစုံ  ပွဲထွက်ကစားခဲ့ကာ အပြန်အလှန်ကစားနိုင်ပေမဲ့ တိုက်စစ်ပိုင်းကတော့ အခုပွဲမှာ အားနည်းခဲ့ပြီး ရရှိတဲ့အခွင့်အရေးများကိုလည်း အသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။မြန်မာအမျိုးသမီးအသင်းက နည်းပြချုပ် ဦးဝင်းသူမိုးလက်ထက်မှာ (၃)ကြိမ်မြောက်ရှုံးနိမ့်ခဲ့တာပါ။မြန်မာအမျိုးသမီးအသင်းက ပြည်ပအတွေ့အကြုံတွေရှိဖို့ လိုအပ်ကြောင်းကိုလည်း နည်းပြချုပ်ဖြစ်တဲ့ ဦးဝင်းသူမိုးက အခုလိုပဲပြောပြသွားခဲ့ပါတယ်။

မြန်မာ့အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြချုပ်က အခုခြေစမ်းပွဲ ၂ ပွဲမှာ ကစားသမားအကုန်လုံးကို အခွင့်အရေးပေးသွားမယ်လို့ သိရပါတယ်။လက်ရှိ မြန်မာအမျိုးသမီးအသင်းမှာ ကစားသမား (၂၄)ဦးရွေးချယ်ထားပြီး   ၂၀၂၀ တိုကျိုအိုလံပစ်ခြေစစ်ပွဲမတိုင်မှာ ကစားသမား အယောက်(၂၀)သာ စာရင်းပေးခွင့်ရှိတာကြောင့် (၄)ဦးကို ထပ်မံလျော့ကျသွားဖို့လည်းရှိနေပါ  တယ်။လက်ရှိ ပွဲစဉ်နဲ့ ပတ်သတ်ပြီး မြန်မာအမျိုးသမီးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ခင်မာလာထွန်းကလည်း သူတို့အသင်းရဲ့ အား  နည်းချက်များကိုလည်း အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။မြန်မာ့လက်ရွေးစင်အမျိုး သမီးဘောလုံးအသင်းကတော့ ဒုတိယခြေစမ်းပွဲအဖြစ် မတ်လ (၂၃)ရက် ညနေ (၆) နာရီ မန္တလေး မန္တလာသီရိအားကစားကွင်းမှာ ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ ထပ်မံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

 

 

Related News