အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် မိုက်ခရိုဆော့ဖ်ကျွမ်းကျင်အဆင့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ IIG Education  Myanmar  မှ တာဝန်ရှိသူထံက သိရပါတယ်။(၁၈)ကြိမ်မြောက် မိုက်ခရိုဆော့ဖ်ကျွမ်းကျင်အဆင့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို လာမယ့် ဇူလိုင်လ(၂၈)ရက်မှ  (၃၁)ရက်အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ အခုနှစ်မှာတော့ မြန်မာနိုင်ငံမှ ပထမအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီလိုယှဉ်ပြိုင်ရာမှာ ပညာရေးဝန်ကြီး ဌာနနှင့် IIG Education  Myanmar တို့ ပူးပေါင်းပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

မိုက်ခရိုဆော့ဖ်ကျွမ်းကျင်အဆင့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်စေဖို့အတွက် ပြည်တွင်းမှ ကျောင်းတွေကို  ပြိုင်ပွဲ (၃)ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်းမှာ ပထမအဆင့်အနေနဲ့ ကျောင်းတွင်းပြိုင်ပွဲကို ဇန်န၀ါရီလမှ မတ်လအကုန်အထိ၊ ဆီမီးဖိုင်နယ်ပြိုင်ပွဲ (ဒုတိယအဆင့်)ကို ဧပြီလအတွင်း ကျင်းပခဲ့တာဖြစ်ပြီး  ဖိုင်နယ်ပြိုင်ပွဲ (တတိယအဆင့်) ကိုတော့ ယခုလအတွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်းဖိုင်နယ်ပြိုင်ပွဲမှာ မိုက်ခရိုဆော့ဖ် တစ်ဘာသာချင်း အလိုက် အမှတ်အများဆုံး ရရှိသူ (၃)ဦးကိုတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် မိုက်ခရိုဆော့ဖ်ကျွမ်းကျင် အဆင့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်နိုင်ငံမှာကျင်းပမယ့်  Microsoft Word ၊ Excel နဲ့ PowerPoint (2013)ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ တစ်ဘာသာချင်း အလိုက် ပထမဆု အမေရိကန်ဒေါ်လာ (၇၀၀၀) ၊ဒုတိယဆု အမေရိကန်ဒေါ်လာ (၃၅၀၀)နှင့် တတိယဆု အမေရိကန်ဒေါ်လာ (၁၅၀၀) အသီးသီးချီးမြှင့် သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News