သြဂုတ်လ(၂၀)ရက်ကနေ (၂၅)ရက်အထိ ထိုင်းနိုင်ငံ၊ပတ္တယားမြို့မှာ ကျင်းပမယ့် ကမ္ဘာ့တံခွန်စိုက် နဂါးလှေလှော်ပြိုင်ပွဲကို  မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။လာမယ့် သြဂုတ်လ(၂၀)ကနေ (၂၅)ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့တံခွန်စိုက် နဂါးလှေလှော် ပြိုင်ပွဲကို မြန်မာနိုင်ငံက ကစားသမားအယောက်(၄၀)နဲ့ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ယခုပြိုင်ပွဲဟာ ကမ္ဘာ့ပြိုင်ပွဲဖြစ်တာကြောင့် အာရှ၊ ဥရောပအပြင် အမေရိကစတဲ့ နိုင်ငံပေါင်း(၃၀)ခန့်က လာရောက်ယှဉ်ပြိုင်မှာ ပါ။ ယခုပြိုင်ပွဲမှာ ပွဲစဉ်ပေါင်း (၁၀၀)ကျော် ပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံက ပြိုင်ပွဲအမျိုးအစား(၁၈)မျိုးမှာ ၀င်ပြိုင် မှာ ဖြစ်ပါတယ်။ မြန်မာလှေလှော်အားကစားအဖွဲ့က ယခုပြိုင်ပွဲကို ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရွှေတံဆိပ် အနည်းဆုံး(၅)ခု ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

မြန်မာလှေလှော်အားကစားအဖွဲ့ဟာ လာမယ့်ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ပြီး (၂၀၁၉)နှစ်ဆန်းပိုင်း မှ စတင်ကာ ရန်ကုန်မြို့မှာ စခန်းသွင်းထားတာပါ။ ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် နိုင်ငံတကာ ပြိုင်ပွဲ(၃)ခု သွားရောက်ယှဉ်ပြိုင်ထားခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ထားခဲ့တဲ့ အရှေ့တောင်အာရှ ကနူး၊ ကယက် တံခွန်စိုက်ပြိုင်ပွဲနဲ့ အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်(၆)ခုအထိ ရရှိကာ အောင်မြင်မှုရယူ ထားနိုင်ခဲ့ပါတယ်။ ယခုပြိုင်ပွဲဟာဆိုရင်လည်း ကမ္ဘာ့ပြိုင်ပွဲဖြစ်တာကြောင့် ဆုတံဆိပ်ရရှိအောင် ကြိုးစားသွား မယ်လို့ ကစားသမားတစ်ဦးက ယခုလိုပြောပြထားပါတယ်။ယခု ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပမယ့် ကမ္ဘာ့တံခွန်စိုက် နဂါးလှေလှော်ပြိုင်ပွဲဟာ (၁၄)ကြိမ်မြောက်ဖြစ်ပြီး ယခင်နှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနဲ့ ကြေးတံဆိပ် (၁)ခု ရရှိထားတာ ဖြစ်ပါတယ်။

 

 

Related News