ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါတယ်။မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၂)ပေမှ (၅)ပေခန့် ရှိနိုင်ပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မှာ မိုးဆက်လက်ထစ်ချုန်းရွာပါမယ်။နေပြည်တော်နှင့်အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်၊ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့ နေရာကွက်ကျားမိုးထစ်ချုန်းရွာပါမယ်။

 

Related News