ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။ဒီနေ့နံနက်အထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်တွင် နေရာ ကွက်ကျား မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါတယ်။နေပြည်တော်နှင့်အနီးတစ်ဝိုက်၊ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်နှင့်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ နံနက်အထိခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

 

Related News