ရိုမေးနီးယားနိုင်ငံမှာ သြဂုတ်လ(၁၀)ရက်ညပိုင်းက အစိုးရကိုဆန့်ကျင်ဆန္ဒပြသူသောင်းချီနဲ့ ရိုမေးနီးယားရဲတပ်ဖွဲ့တို့ကြား အဓိက ရုဏ်းဖြစ်ပွားခဲ့ပါတယ်။ လူ(၃၀၀၀၀)နဲ့ (၅၀၀၀၀)ကြားမှာ နိုင်ငံရေးကျွမ်းကျင်သူအများအပြားလည်းပါဝင်နေပြီး နိုင်ငံတစ်ဝန်းက နိုင်ငံသားတွေလည်းပါဝင်ခဲ့တယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။ ရိုမေးနီးယားမြို့တော် ဘူချာရက်စ်မှာရဲတပ်ဖွဲ့ကမျက် ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းမှုန့်စပရေးတွေနဲ့ မီးသတ်ကားတွေကိုအသုံးပြုပြီး ဆန္ဒပြနေတဲ့လူတွေကိုခွဲဖို့ကြိုးပမ်း ခဲ့ချိန်မှာ တချို့ဆန္ဒပြသူတွေက ပုလင်းတွေ၊ ကျောက်ပြားတွေနဲ့ ပြန်ပစ်ပေါက်ခဲ့ကြ တယ်လို့ သိရပါတယ်။

ဆန္ဒပြသူ(၁၀၀)၀န်းကျင်လောက် ဆေးဝါးကုသမှုတွေလိုအပ်နေပြီး ရဲတပ်ဖွဲ့ဝင်(၁၀)ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုအေဂျင်စီ(၁)ခုကပြောပါ တယ်။ မြို့တော် ဘူချာရက်စ်မှာ ဆန္ဒပြတဲ့အဖွဲ့တစ်ဖွဲ့က အစိုးရအဆောက်အအုံကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေဘက် ကအတားအဆီးတွေနဲ့ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ဥရောပသမဂ္ဂ(အီးယူ)အလံနဲ့ ရိုမေးနီးယားအလံတို့ကိုကိုင် ဆောင်ပြီး ဗုံတွေနဲ့အော်ဟစ်ကြွေးကြော် ခဲ့ကြတာပါ။ ရိုမေးနီးယားဆိုရှယ်ဒီမိုကရက်တစ်(PSD)အနေနဲ့ တရားစီရင်ရေးအားထုတ် မှုအားနည်းလာတာတွေ၊ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ပေးတာတွေနဲ့ နိုင်ငံထဲမှာအကျင့်ပျက်ခြစားမှုတွေရှိလာတာကို ပြည်သူ တွေကိုသတိထားမိလာတာကြောင့် အစိုးရကိုရာထူးကနေနှုတ်ထွက်ဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

ရိုမေးနီးယားနိုင်ငံ သားတွေအနေနဲ့ (PSD)ကိုဆန့်ကျင်ဆန္ဒပြနေတာလအနည်းငယ်ရှိနေပါပြီ။ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက အဂတိလိုက်စားမှုတွေအ တွက်ဒေသခံတွေ၊ အမျိုးသားရေးနိုင်ငံရေးသမားတွေနဲ့အတူဦးဆောင်စုံစမ်းစစ်ဆေးနေတဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအ စိုးရရှေ့နေ လော်ရာခိုဒရူတာကိုဗီစီ ကိုထုတ်ပယ်ဖို့ ရိုမေးနီးယားသမ္မတ ကလာအက်စ် အိုင်ရန်ဟန်းနစ်စ်ကအတည်ပြုခဲ့ပါတယ်။

 

 

Related News