အိန္ဒိယနိုင်ငံတောင်ပိုင်း၊ "ကီရာလာ"ပြည်နယ်မှာ မုတ်သုံမိုးကြီးပြီး အဆိုးရွားဆုံးရေကြီးခဲ့ပြီး ရေဘေးသင့်ပြည်သူတွေထဲကလူ ပေါင်း(၂၂၀၀၀)လောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ အိန္ဒိယသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့နဲ့ ဒေသတွင်းငါးဖမ်းသမားတွေနဲ့အတူ အိန္ဒိယစစ်တပ်ဖွဲ့တို့လည်း ရေကြီးမှုဒဏ်အဆိုးဆုံးခံရတဲ့တချို့ဒေသတွေကိုသွား ရောက်ခဲ့ပြီး မိုးကြီးခဲ့တဲ့(၂)ပတ်အတွင်း ရေဘေးသင့်ဒေသတွေကလူတွေအတွက် လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကို ရဟတ် ယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အခုနှစ်ဇွန်လကစပြီးမုတ်သုန်မိုးရွာသွန်းမှုကြောင့် လူ(၃၅၀)ကျော်သေဆုံးခဲ့ပြီး အများစု ကမြေပြိုမှုကြောင့်သေဆုံးခဲ့တာပါ။

ကယ်ဆယ်ရေးစခန်းပေါင်း(၅၆၄၅)ခုမှာ ရေဘေးသင့်ဒုက္ခသည်ဦးရေ(၇၂၅၀၀၀)ထိရှိလာပြီ လို့ "ကီရာလာ"ပြည်နယ်ဝန်ကြီးချုပ် "ပင်နာရာယီ ဗီဂျယန်"ကပြောပါတယ်။ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ရေကတစ်ဆင့်ကူး စက်နိုင်တဲ့ရောဂါတွေနဲ့ လေထုကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကို ဖြစ်ပွားလာနိုင်တာကြောင့် အဲဒီရောဂါတွေကိုကုသနိုင် ရေးအတွက်ပြင်ဆင်နေတယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ခေါင်းဆောင် "အနင်ဗာစူဒေဗင်"က ပြောပါတယ်။ သြဂုတ်လ(၁၉)ရက်ကရေကြီးမှုကြောင့် "ချန်ဂင်နာ"မြို့မှာပိတ်မိနေတဲ့ လူ(၅၀၀၀)လောက်ကိုကယ်ဆယ်နိုင်ရေး အတွက်ကြိုးပမ်း နေပြီး "အလာပူဇာ"နဲ့ "အနာခူးလမ်"ပြည်နယ်တို့မှာနောက်ထပ်ပိတ်မိနေသူတွေရှိသေးတယ်လို့ ကယ်ဆယ်ရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ 

ကယ်ဆယ်ရေးစခန်းတွေမှာလည်း ရက်များစွာအစားအစာ(ဒါမှမဟုတ်)ရေပြတ်တောက်မှုတွေရှိခဲ့တယ်ဆိုပြီး အ သက်ရှင်ကျန်သူတွေကဖော်ပြခဲ့ပါတယ်။ ရေကြီးမှုအခြေအနေတွေကိုလေကြောင်းကတစ်ဆင့်ကြည့်ရှုခဲ့ပြီးနောက် အိန္ဒိယရူပီးငွေ (၅)ဘီလီယံလောက် ထောက်ပံ့ကြေးပေးသွားမယ်လို့ အိန္ဒိယ၀န်ကြီးချုပ် "နာရန်ဒရာ မိုဒီ"က ကတိပြုခဲ့ပါတယ်။ အစောပိုင်းခန့် မှန်းချက်အရ ရေကြီးမှုကြောင့် ရူပီးငွေ(၂.၃)ဘီလီယံလောက်ဆုံးရှုံးခဲ့ပြီး ဆက်မြင့်အုံးမယ်လို့ခန့်မှန်းထားကြပါတယ်။

 

 

Related News