ဆန်ချောဈေး မလိုလားအပ်ဘဲ အလွန်အကျွံတက်လာရင် နိုင်ငံတော်အစိုးရနဲ့ညှိနှိုင်းပြီး စားသုံးသူအတွက်အကာကွယ်ပေးတဲ့ အစီအစဉ်တွေလုပ်ဆောင်သွားမယ်လို့မနေ့က သြဂုတ်လ (၂၃)ရက်မှာ ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင် ၀ါးတန်းလမ်းများပြုလုပ်ခဲ့တဲ့ လတ်တလောဖြစ်ပေါ်နေသောဆန်ချောဈေးနှုန်းများကိစ္စဆွေးနွေးပွဲမှသိရပါတယ်။ ဆန်ချောဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လနဲ့ ယှဉ်ရင် တစ်အိတ်ကို ငွေကျပ် (၇၀၀၀)(၈၀၀၀)ခန့်ဈေးမြင့်တက်သွားပြီး အပြင်မှာပြောစကားတွေထွက်နေတဲ့ ရေကြီး ရေလျှံမှုကြောင့်ဆန်ဈေးတက်တာ၊ဒေါ်လာဈေးတက်လို့ဆန်ဈေးတက်တာ၊ပြည်တွင်းမှာ စပါးလက်ကျန်မရှိတာတွေ၊ဆန်လှောင်ထားသူတွေဟာလည်းဆန်ဈေးထပ်တက်ဦးမယ်လို့ အသံထွက်ပေါ်နေတာတွေဟာ သတင်းအမှန်မဟုတ်ဘူးလို့ဆိုပါတယ်။

မလိုလားအပ်ဘဲ မမှန်မကန်သတင်းတွေလုပ်ပြီး ဆန်ဈေးတွေမြင့်တက်အောင်လုပ်ဆောင်သူတွေကိုဖော်ထုတ်သွားမယ်လို့ ဆန်ကုန်သည်၊အကျိုးဆောင်တွေကို အသိပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဆန်ကို ပေါ်ဆန်းအပြင်ဆန်ကြမ်းတွေကို လည်းအခုနောက်ပိုင်းမှာအဆင့်မြင့်မြင့်ကြိတ်ထားတဲ့ အရည်အသွေးကောင်းတဲ့ ဆန်ကြမ်းတွေကို ထုတ်လုပ်နေပြီဖြစ်တာကြောင့်စားသုံးသူတွေအနေနဲ့ပြောင်းလဲစားသုံးနိုင်တယ်လို့သိရပါတယ်။
ရက် (၉၀)ဆန်၊စင်းသွယ်လတ်ဆန်၊မနောသုခဆန်စတဲ့ ဆန်တွေဟာ အရည်အသွေးပိုမိုကောင်းမွန်လာတာကြောင့် အခုလိုဆန်ချောတွေ ဈေးမြင့်နေချိန်မှာ ဒီလိုဆန်တွေကိုလည်းပြောင်းလဲစားသုံးနိုင်တယ်လို့ဆိုပါတယ်။ဒီဆန်တွေဟာ လက်ကားဈေးမှာ တစ်အိတ်ကိုငွေကျပ် (၂၅၀၀၀)ကျော်နဲ့ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာရွှေဘိုပေါ်ဆန်း တစ်အိတ်ကိုငွေကျပ် (၆၂၀၀၀)၊ဗိုလ်ကလေး၊မော်ကျွန်း တစ်အိတ်ကို ငွေကျပ် (၄၇၀၀၀)၊(၄၈၀၀၀)၊မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် (၅၂၀၀၀)ကျပ်ထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

 

 

 

Related News