ဝိတိုရိယဆေးရုံရဲ့ သောတပြည့်စုံစီမံချက်အရ နားအကြားအာရုံချွတ်ယွင်းနေတဲ့ကလေးများအတွက် အလှူငွေပေးအပ်ပွဲနဲ့ ခွဲစိတ်ပြီးကလေးငယ်တွေနဲ့ အလှူရှင်များ တွေ့ဆုံပွဲအခမ်းအနားကို သြဂုတ်လ(၂၄)ရက်က ၀ိတိုရိယဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ သောတပြည့်စုံစီမံချက်နဲ့အကြားအာရုံချွတ်ယွင်းနေတဲ့ကလေးငယ်(၂)ဦးကို ဒီလထဲမှာပဲ ခွဲစိတ်မှုတွေပြုလုပ်ပေးပြီး နားအကြားနှိုးဆွကိရိယာတပ်ဆင်ပေးမှာဖြစ်ပါတယ်။ ကလေးငယ်(၂)ဦးကို  ခွဲစိတ်ရာမှာ  ၀ိတိုရိယဆေးရုံအနေနဲို့ ဆေးဖိုး၊တပ်ဆင်စရိတ်နဲ့ နယ်ကလာရောက်တပ်ဆင်တဲ့ကလေးတွေကို လမ်းစရိတ်ကအစ အခမဲ့ကုန်ကျခံတာဖြစ်ပြီး  နားအကြားနှိုးဆွကိရိယာတပ်ဆင်ဖို့အတွက်ကတော့ အလှူရှင်တွေဆီကအလှူခံတာဖြစ်တယ်လို့သိရပါတယ်။နားအကြားအာရုံနှိုးဆွစက်ကိုစာသင်ကြားရာမှာ လွယ်ကူတဲ့အရွယ်တွေဖြစ်တဲ့ (၆)နှစ်အောက်ကလေးငယ်တွေကိုသာ အဓိကတပ်ဆင်ပေးတာဖြစ်ပါတယ်။

သောတပြည့်စုံစီမံချက်အနေနဲ့  ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာရှိတဲ့ နားမကြားကလေးငယ်တွေကို အကြားအာရုံရရှိစေဖို့အတွက် အလှူရှင်တွေကို ဖိတ်ခေါ်ပြီး အလှည့်ကျခွဲစိတ်ပေးနေတယ်လို့သိရပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ အလှူရှင်တစ်ဦးက သောတပြည့်စုံ စီမံချက်အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။ဒီစီမံချက်ကို ပြီးခဲ့တဲ့(၂၀၁၄)ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ကလေးငယ်(၈၆)ဦးကို ခွဲစိတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် နားအကြားနှိုးဆွစက် တပ်ဆင်ပေးပြီးတဲ့ကလေးငယ်တွေကို စာသင်ကြားတာတွေကိုလည်း ၀ိတိုရိယဆေးရုံမှာ  အခမဲ့သင်ကြားပေးနေတယ်လို့သိရပါတယ်။

 

 

 

Related News