သြဂုတ်လ(၂၆)ရက်က ဂျပန်နိုင်ငံ၊ “တိုကျို” မြို့က “ရှင်ဂျူကု”ဘူတာထဲမှာ ဒန်ဘူး(၁)ဘူးပေါက်ကွဲခဲ့တာကြောင့် လူ(၁)ဦးဒဏ်ရာ ရခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို တိုက်ခိုက်မှု(၁)ခုအနေနဲ့သတ်မှတ်ပြီး စုံစမ်းနေတယ်လို့ တိုကျိုရဲတပ်ဖွဲ့ကပြောပါတယ်။ ဘူးအဖုံးကပွင့် ခဲ့ပြီး အမျိုးသမီး(၁)ဦးရဲ့ခြေထောက်ကို ဘူးထဲကအရည်တွေစင်ခဲ့တာကြောင့် ဒဏ်ရာရခဲ့တဲ့အတွက်ဆေးရုံကိုပို့ပေးခဲ့တယ်လို့ ဘူတာဝန်ထမ်းတွေက ပြောပါတယ်။ အရည်(၅၀၀)မီလီလီတာပါတဲ့ဒန်ဘူးမှာ တံဆိပ်မပါဘူးလို့သိရပါတယ်။ ဘူးမှာ အပေါက် တွေနဲ့အက်ကြောင်းတွေမရှိဘူးလို့သိရပါတယ်။ ဘူးထဲမှာ ဘာတွေပါသလဲဆိုတာကို အမျိုးအစားခွဲနိုင်ဖို့စီစဉ်နေတယ်လို့လည်းသိ ရပါတယ်။ ဘူးရဲ့ဘေးနားမှာ အဖြူရောင်အမှုန့်တွေကိုတွေ့ခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောတယ်ဆိုပြီး NHKသတင်း ဌာနကဖော်ပြပါတယ်။ ပေါက်ကွဲသံကိုကြားခဲ့ရတဲ့အချိန်မှာ လျှောက်လမ်းပေါ်မှာ လူနည်းနည်းပဲရှိနေတယ်လို့လည်းသိရပါတယ်။ 

 

 

Related News