2018 ခုနှစ်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဖလား၊မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံ နဲ့မြန်မာနိုင်ငံဝူရှုးအဖွဲ့ချုပ်တို့ပူးပေါင်းပြီးဝူရှုးပြိုင်ပွဲကိုဆုပေးပွဲကိုသြဂုတ်လ(၂၆)ရက်ကနေ(၂၇)ရက်ထိကျိုက္ကဆံ အားကစားကွင်းဝူရှုးလေ့ကျင့်ရေးခန်းမမှာကျင်းပခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲပြုလုပ်တာကအခြေခံကျောင်းတွေမှာရှိတဲ့အားကစားကိုစိတ်ဝင်စားတဲ့ကျောင်းသား ကျောင်းသူတွေ အတွက်ပြိုင်ပွဲအတွေ့အကြုံ ရရှိစေပြီး မျိုးဆက်သစ် လူငယ်ကစားသမားတွေပေါ်ပေါက်လာ ဖို့နဲ့ နိုင်ငံဂုဏ်ဆောင် နိုင်တဲ့အားကစားသမား ကောင်းများ စဉ်ဆက်မပြက်ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီးပြုလုပ်တာဖြစ်ပါတယ်။

ပြိုင်ပွဲကိုရန်ကုန်မြို့မှာရှိတဲ့ မရမ်းကုန်း၊စမ်းချောင်း၊အလုံ၊ကြည့်မြင်တိုင်၊ ဒဂုံ၊ဗဟန်း၊လသာ၊ကမာရွတ်၊ လမ်းမတော်၊ တာမွေ၊အင်းစိန်၊ လှိုင်မြို့နယ်အစရှိတဲ့မြို့နယ်(၁၈)မြို့နယ်မှာရှိတဲ့ကျောင်းပေါင်း (၄၅)ကျောင်း က ၀င်ရောက်ယှဉ်ပြိုင်္င်တာဖြစ်ပါတယ်။ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၃) မျိုးနဲ့ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အယောက် (၂၀၀) နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်အနေနဲ့ လာမယ့် (၂၀၁၈)ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကလက်ခံကျင်းပမယ့်  Second ထောက်လု World Cup မှာ ၀ူရှူးအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News