ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ ခရိုင်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ (၂၈)ရက် နေ့က အ.ထ.က(၆) ဗိုလ်တထောင်ကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး နဲ့ Royal-D Cupတို့ပူးပေါင်းကျင်းပတဲ့ အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ် (၁၅) မြို့နယ်ဖြစ်တဲ့ ဗိုလ်တထောင်မြို့နယ်၊ ပုစွန်တောင် မြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ မရမ်းကုန်းမြို့နယ် နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ပါတယ်။

သြဂုတ်လ (၂၈) ရက်နေ့ကပြုလုပ်ခဲ့တဲ့ဖွင့်ပွဲအခမ်းအနားမှာ သင်္ဃန်းကျွန်းမြို့နယ်က ကျောင်းသူလေးများက Zumba အကများနဲ့ သရုပ်ပြခဲ့ပြီး အရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးက ဆရာကြီးဦးမောင်ကြယ်နဲ့ ရန်ကုန်တိုင်းဒေ သကြီးပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးအေးမင်းတို့က အဖွင့်အမှာစကားပြော ကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုပြီး ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ ခရိုင်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို သြဂုတ်လ (၂၈) ရက်နေ့ကနေ စက်တင်ဘာလ (၄) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

 

 

Related News