ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါတယ်။ဒီကနေ့နံနက်အထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါတယ်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ မုတ်သုံလေ အားအသင့်အတင့် ရှိပါမယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့မနက်အထိခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာပါမယ်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့မနက်အထိခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
