ဒေသအနုပညာပွဲတော်(၁)ခုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ထုလုပ်ထားပြီး အငြင်းပွားမှုတွေဖြစ်နေစေတဲ့ တူရကီသမ္မတ“ရီဆက်ပ် တေယစ် အာဒိုဝမ်”ရဲ့ရုပ်ထုကို “၀ီးစ်ဘာဒန်”မြို့အာဏာပိုင်တွေက ဖယ်ရှားလိုက်ပါတယ်။ (၄)မီတာမြင့်တဲ့ “အာဒိုဝမ်”ရဲ့ရုပ်ထု ဟာ သူ့ရဲ့ညာလက်ကိုမြှောက်ပြီး လက်ညှိုးညွှန်နေတာကြောင့် အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေဖြိုချခဲ့တဲ့ “ဆက်ဒမ်ဟူစိန်”ရဲ့ ရုပ်ထုနဲ့တူနေတယ်လို့ ဝေဖန်ကြပါတယ်။ သတင်းဆိုးလို့နာမည်တပ်ထားတဲ့အနုပညာပြပွဲမှာ အဲဒီရုပ်ထုကို ပြသထားတာဖြစ်ပြီး လုံခြုံရေးအကြောင်းပြချက်ကြောင့် အဲဒီရုပ်ထုကို ဖယ်ရှားလိုက်တယ်လို့ မြို့အာဏာပိုင်တွေက တွစ်တာမှာရေးခဲ့ပါတယ်။

ရုပ်ထု ကိုစပြီးပြသထားတဲ့နေ့ကတည်းက လမ်းဘေးပန်းချီတွေလာဆွဲခဲ့တာကြောင့် ဂျာမနီနဲ့တူရကီနိုင်ငံတို့ကြားဆက်ဆံရေးထိခိုက် လာနိုင်တယ်လို့ ဝေဖန်နေတာတွေလည်းရှိနေပါတယ်။ အာဒိုဝမ်ဟာ အငြင်းပွားဖွယ်ဖြစ်နေတယ်ဆိုတဲ့သရုပ်ဖော်ပုံဖြစ်နေတယ် လို့ယူဆပြီး သူ့အကြောင်းကို ဂျာမနီနိုင်ငံမှာ လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်တယ်လို့ယူဆရတာကြောင့်  ရုပ်ထုအနေနဲ့ပြသ ထားတာလို့ ပြပွဲစီစဉ်သူတွေကပြောပါတယ်။ 

 

 

Related News