သြဂုတ်လ(၂၉)ရက်က တရုတ်နိုင်ငံ၊ “ဖူဂျန်”ပြည်နယ်အရှေ့ပိုင်းမှာ မိုးကြီးခဲ့တာကြောင့် ရေကြီးခဲ့တာနဲ့ယာဉ်ကြောပိတ်ဆို့ခဲ့တဲ့ အတွက် ဒေသခံတွေကို အာဏာပိုင်တွေကရွှေ့ပြောင်းပေးခဲ့ပါတယ်။ မိုးအများဆုံးရွာတဲ့“ဂွမ်ကျိုး”မြို့မှာ မိုးကြီးတာနဲ့ဆက်စပ်နေ တဲ့ အရေးပေါ်အခြေအနေအစီရင်ခံစာ(၁၀၀)ကို တရုတ်မီးသတ်တပ်ဖွဲ့က လက်ခံရရှိခဲ့ပါတယ်။ “ကျန်းပန်”မြို့က“ယူကွိန်း”ရွာမှာ ရုတ်တရက်ရေကြီးခဲ့လို့ ဒေသခံ(၈)ဦးမှာ နေအိမ်ထဲပိတ်မိခဲ့ကြပါတယ်။ အဲဒီလူတွေကို မီးသတ်သမားတွေက ဘေးလွတ်ရာရွှေ့ ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ရေဘေးကြောင့် လူတွေတကွဲတပြားဖြစ်နေတဲ့အတွက် တစ်အိမ်ပြီးတစ်အိမ်ရှာနေရတယ် လို့ ဂွမ်ကျိုးမီးသတ်ဌာနကပြောပါတယ်။ သြဂုတ်လ(၂၉)ရက်ညပိုင်းကစပြီး (၁၀)နာရီလောက်ကြာအောင် မိုးရွာခဲ့တဲ့အတွက် လူ(၂၀၀)လောက်ကို ဘေးလွတ်ရာပြောင်းရွှေ့ပေးထားတယ်လို့လည်း သိရပါတယ်။ ရေကြီးတာကြောင့် လမ်းတွေပိတ်နေတဲ့အ တွက် ကားနဲ့ဆိုင်ကယ်အစီး(၂၀)ကို ရေလွတ်ရာတွန်းပို့ပေးခဲ့ရတယ်လို့ ယာဉ်ထိန်းရဲတစ်ဦးကပြောပါတယ်။

 

 

Related News