မန္တလေးတက္ကသိုလ်မှာ ၂၀၁၈ ခုနှစ်အတွက် ပညာသင်ကြားနေတဲ့ ဘာသာရပ်အလိုက် အထူးချွန်ဆုံးကျောင်းသား၊ကျောင်းသူတွေကို ပညာရည်ချွန် ရွှေတံဆိပ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၃၁ ရက်က မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ယခုပြုလုပ်တဲ့ ပညာရည်ချွန်ရွှေတံဆိပ်ဆုချီးမြှင့်ပွဲကို မန္တလေးမြို့မိမြို့ဖများက မန္တလေးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ဘာသာရပ်အလိုက် အထူးချွန်ဆုံးကျောင်းသား၊ ကျောင်းသူတွေကို ပညာရည်ချွန်ဆုရွှေတံဆိပ်ဆု ချီးမြှင့်တာဖြစ်ပါတယ်။အခုလို ပညာရည်ချွန် ရွှေတံဆိပ်ဆုချီးမြှင့်တာဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးအဆင့်မြှင့်မားစေဖို့၊ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဒီထက်မကပိုမိုကြိုးစားစေကာ ထူးချွန်တဲ့လူငယ်တွေဖြစ်လာစေဖို့ ရည်ရွယ်ပြီး ဆုချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတက္ကသိုလ်မှာပညာသင်ကြားနေတဲ့ ဘာသာရပ်အလိုက် အထူးချွန်ဆုံးကျောင်းသား၊ ကျောင်းသူတွေကို ပညာရည်ချွန်ရွှေတံဆိပ်ဆု ချီးမြှင့်တာဟာ မန္တလေးမြို့မိမြို့ဖများက ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်တာဖြစ်ပါတယ်။ ချီးမြှင့်ပွဲမှာ မန္တလေးတက္ကသိုလ်ရှိ ၂၀၁၈ ခုနှစ်အတွက် ပညာသင်ကြားနေတဲ့ ဘာသာရပ်အလိုက် အထူးချွန်ဆုံးကျောင်းသား၊ ကျောင်းသူ အယောက်၂၀ ကို ပညာရည်ချွန် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့တာဖြစ်ပြီး ပညာသင်နှစ်တိုင်းမှာ အမှတ်အများဆုံးရရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ဆုချီးမြှင့်တာဖြစ်တယ်လို့သိရပါတယ်။ယခုပြုလုပ်တဲ့ ပညာရည်ချွန် ရွှေတံဆိပ်ဆုချီးမြှင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ တက္ကသိုလ်အသီးသီးမှ ဆရာ၊ဆရာမများ နဲ့ ကျောင်းသား၊ကျောင်းသူတွေ တတ်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

 

 

Related News